တောင်ကြီးမြို့တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် ၁၆ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ
DVB
·
December 30, 2020
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အမှတ် ၁၈ ယာဉ်ထိန်းတပ်ဖွဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် ၁၆ ယောက် ကိုဗစ်-၁၉ ကူးစက်ခံရထားရပါတယ်။
ဒီဇင်ဘာ ၃၀ ရက်က ရဲအုပ်တစ်ယောက်က အနံ့ပျောက်လို့ စစ်ဆေးရာကနေ ပိုးတွေ့ပြီး ကျန်တဲ့တပ်ဖွဲ့ဝင်ကိုထပ်စစ်ဆေးရာ တပ်ဖွဲ့ဝင် ၁၆ ယောက် ကိုဗစ်-၁၉ ရောဂါ ပိုး တွေ့ရှိခဲ့တာပါ။
RDT Test kit နဲ့ အမြန်စစ်ဆေးတာဖြစ်ပြီး ပိုးတွေ့တဲ့ ၁၆ ယောက်ထဲမှာ တပ်ဖွဲ့ ဝင် ၁၅ ယောက်နဲ့ သင်တန်းတက်မယ့် ရဲဘော်တပ်သားသစ် ၁ ယောက် ပါတယ်လို့ သိရပါတယ်။
အမှတ် ၁၈ ယာဉ်ထိန်းတပ်ဖွဲ့ ဒုတပ်ဖွဲ့မှူး ဒုရဲမှူး အောင်မိုးက “ရဲအုပ်တစ်ဦးက စပျံ့သွား တာ၊ ရဲအုပ်တစ်ယောက်က အနံ့ပျောက်လို့ ဒီကနေ့ ချက်ချင်းခေါ်ယူ စစ်ဆေးလိုက်တော့ ပိုးတွေ့တာပေါ့”လို့ ပြောပါတယ်။
ပိုးတွေ့လူနာရဲ့မိသားစုကို ဆက်လက်စစ်ဆေးရာမှာ ၃ ဦးက ရောဂါပိုးတွေ့ရှိတဲ့အတွက် ညနေ ၃ နာရီကျော်အထိ လူ ၇၀ ဦး စစ်ဆေးရာမှာ စုစုပေါင်း ၁၉ ဦးက ပိုးတွေ့ထားပြီဖြစ်ပါတယ်။
ရောဂါပိုးတွေ့ရှိသူကို စဝ်စံထွန်းဆေးရုံကို ပို့ဆောင်ပြီးဆေးကုသမှု ခံယူနေပြီဖြစ်ပြီး ပိုးတွေ့သူနဲ့ထိတွေ့တဲ့မိသားစုဝင်တွေကိုလည်း ဆက်လက်စစ်ဆေးနေဆဲ ဖြစ်ပါတယ်။
အမှတ် ၁၈ ယာဉ်ထိန်းတပ်ဖွဲ့ဟာ တောင်ကြီးမြို့ပေါ်မှာ Marks ကမ်ပိန်းပြုလုပ်ပြီး ပညာပေးတာနဲ့ ယာဉ်စည်းလမ်းစည်းကမ်းတွေ ပညာပေးတာတွေ လုပ်လာခဲ့ပါတယ်။
သတင်း - ခွန်ရာဇာ