Home
မေးမြန်းခန်း
ရှစ်လေးလုံးလူထုလှုပ်ရှားမှု သမ္မတ အသိအမှတ်ပြုမှု ဦးဝင်းတင်နှင့် ဦးမင်းကိုနိုင်တို့ကို မေးမြန်းချက်
အေးနိုင်
·
September 2, 2013
ရှစ်လေးလုံးလူထုအရေးတော်ပုံ ၂၅ နှစ်ပြည့်တဲ့ အခါသမယမှာ မြန်မာနိုင်ငံရဲ့ အကြီးအကဲတဦးရဲ့ ပထမဆုံး အသိအမှတ်ပြုမှုအဖြစ် သမ္မတ ဦသိန်းစိန်က ၈၈ ခုနှစ် လူထုလှုပ်ရှားမှုကို အသိအမှတ်ပြု ပြောကြားလိုက်ပါတယ်။ စက်တင်ဘာ ၁ ရက်နေ့က ရေဒီယိုကနေ ပြောဆိုတဲ့ လစဉ်မိန့်ခွန်းမှာ ထည့်သွင်းလိုက်တာဖြစ်ပြီး   ဩဂုတ်လဆန်းပိုင်းက ကျင်းပခဲ့တဲ့ ၈၈ ခုနှစ် လူထုလှုပ်ရှားမှု ၂၅ နှစ်ပြည့် အခမ်းအနားဟာ မြန်မာ့နိုင်ငံရေးသမိုင်းမှာ သင်ခန်းစာတွေ ရယူနိုင်တဲ့ ကိစ္စဖြစ်တယ်လို့  ပြောကြားခဲ့ပါတယ်။ ဒီပြောဆိုချက်ဟာ စစ်ကောင်စီလက်ထက်တလျှောက်လုံး သမိုင်းဝင် ရှစ်လေးလုံး လူထုလှုပ်ရှားမှုကို ဆူပူအကြမ်းဖက်မှုအဖြစ် သုံးစွဲရာကနေ လူထုလှုပ်ရှားမှုအဖြစ် စကားလုံး ပြောင်းလဲ သုံးစွဲလိုက်တာပါ။ လူ့အဖွဲ့အစည်းတရပ်လုံးအနေနဲ့ သမိုင်းသင်ခန်းစာတွေကို မေ့ပျောက်ပစ်ခြင်း မဟုတ်ဘဲ နာကျင်မှုတွေ၊ ဆုံးရှုံးမှုတွေ ခံစားခဲ့ရတဲ့ အတွေ့အကြုံတွေ၊ သမိုင်းကြောင်းတွေထဲက ခွဲထွက်နိုင်မယ့် နိုင်ငံရေးဖြစ်စဉ်သစ်တရပ် အစပျိုးခြင်းဆိုတဲ့ မျှော်လင့်ချက်ကို ပိုင်ဆိုင်လာပြီလို့ ဆိုရမှာဖြစ်တယ်လို့ သမ္မတက ထည့်သွင်းပြောကြားခဲ့ပါတယ်။ ရှစ်လေးလုံး ၂၅ နှစ်ပြည့် ငွေရတုကို ရန်ကုန်မှာ ကျင်းပတုန်းက အစိုးရက ၀န်ကြီးအချို့ကို တက်ရောက်စေသလို လွှတ်တော်နှစ်ရပ်ကလည်း သ၀ဏ်လွာပို့ခဲ့ပါတယ်။ သမ္မတရဲ့ ပြောကြားချက် မိန့်ခွန်းနဲ့ ပတ်သက်လို့ စစ်ကောင်စီလက်ထက်က နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရတဲ့ ဟံသာဝတီ ဦးဝင်းတင်နဲ့ ရှစ်လေးလုံး ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်တို့နဲ့  ဆက်သွယ်မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။ [caption id="attachment_35213" align="alignleft" width="150" caption="ဦးဝင်းတင်"][/caption] ဦးဝင်းတင်နဲ့ မေးမြန်းချက်             ဦးမင်းကိုနိုင်နဲ့ မေးမြန်းချက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024