Home
မြန်မာသတင်း
မိုးကုတ်ကျောက်မျက်ရတနာစျေးများ ပြန်ဖွင့်လိုက်သော်လည်း ကျောက်စျေးကွက် ငြိမ်နေ
DVB
·
December 30, 2020
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့မှာ ကျောက်မျက်ရတနာစျေးတွေကို ဒီဇင်ဘာ ၂၀ ရက်နေ့က စတင်ဖွင့်လှစ်လိုက်ပေမယ့် ခရီးသွားဧည့်သည်မရှိတာကြောင့် ကျောက်စျေးကွက်က ငြိမ်နေတယ်လို့ ကျောက်မျက်ကုန်သည်တွေက ဆိုပါတယ်။ ကျောက်မျက်ရတနာစျေးတွေဖွင့်ထားပေမယ့် ကျောက်မျက်လုပ်ကွက်တွေ ပိတ်ထားတာ ကြောင့် ကျောက်အသစ်မရပဲ ကျောင်းအဟောင်းတွေနဲ့ပဲစျေးကွက်ကို လည်နေရတယ်လို့လည်း ဆိုပါတယ်။ မြို့နယ်ထာပွဲ ကုန်သည်ပွဲစားများအသင်း ဥက္ကဋ္ဌ ဒေါ်ဖြူဖြူမြင့်က “ကိုဗစ်ကာလဖြစ်နေတာ ကြောင့် ကျောက်မျက်ရတနာစျေးလာတဲ့သူတွေကို ကိုဗစ်စည်းကမ်းနဲ့ အညီ mask တပ်ခိုင်းတာ Face shield သုံးခိုင်းတာတွေရှိပြီး hand gel ဆောင်ခိုင်းတာတွေကို လုပ်ဆောင်ဖို့ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ကပူးပေါင်းကူညီနေတယ်”လို့ ပြောပါတယ်။ ကိုဗစ်စည်းကမ်းနဲ့အညီ ချမှတ်ထားတဲ့စည်းကမ်းတွေကို ကျောက်မျက်ရတနာစျေးကို လာတဲ့ ကုန်သည်တွေအနေနဲ့ လိုက်နာနိုင်ပြီး စည်းကမ်းမလိုက်နာတဲ့သူတွေကိုဆို မဝင်စေချင်ဘူးလို့ ကျောက်မျက်ရတနာကုန်သည် ဦးဇော်ဝင်းက ပြောပါတယ်။ မိုးကုတ်မြို့က ကျောက်မျက်ရတနာစျေးတွေကို ဒီဇင်ဘာ ၂၀ ရက်နေ့က ပြန်လည် ဖွင့်လှစ်ခဲ့ပြီး ကျောက်မျက်ရတနာစျေးလာသူတွေ စည်ကားခဲ့ပါတယ်။  ဒီဇင်ဘာ ၂၈ ရက်နေ့ညမှာ မြို့တွင်း ပိုးတွေ့လူနာ စတင်တွေ့ရှိခဲ့တာကြောင့်ဒေသခံတွေက စိုးရိမ်ပူပန်နေကြသလို ကျောက်မျက်ရတနာ စျေး လာသူတွေလည်း ခြောက်ကပ်သွားခဲ့ပါတယ်။ သတင်း - ဟန်နာထက်အောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024