အာဂျင်တီးနားတွင် ရုရှားထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး စထိုးနှံ

552
အာဂျင်တီးနားနိုင်ငံမှာ ဒီဇင်ဘာ ၂၉ ရက်ကစလို့ နိုင်ငံသားတွေကို ရုရှားထုတ် စပွန်းနစ်-၅ ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေးနေတယ်လို့ အစိုးရက ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ရုရှားဟာ စပွန်းနစ်-၅ ကာကွယ်ဆေးလုံးရေ ၃၀၀,၀၀၀ကို အာဂျင်တီးနားဆီ ပို့ဆောင်ခဲ့ပါတယ်။
လက်တင်အမေရိကရဲ့ တတိယအကြီးဆုံး စီးပွားရေးဟာ ကိုဗစ်-၁၉ ကြောင့် အထိနာနေပြီး ပိုးကူးစက်သူ ၁ ဒသမ ၆ သန်း နီးပါးနဲ့ သေဆုံးသူ ၄၂,၀၀၀ ကျော် ရှိပါတယ်။
ရှေ့တန်းက ကျန်းမာရေးဝန်ထမ်းတွေကို ကာကွယ်ဆေး အရင်ဆုံး ထိုးနှံပေးသွားမှာ ဖြစ်ပြီး အဲဒီနောက်မှ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ၊ ဆရာ ဆရာမတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ တခြား အန္တရာယ်ရှိ အုပ်စုတွေကို ထိုးနှံပေးသွားမယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
အာဂျင်တီးနားဟာ ရုရှားနဲ့ ဘယ်လာရုစ်ပြီးရင် စပွန်းနစ်-၅ ကိုဗစ်-၁၉ ကာကွယ်ဆေးကို အတည်ပြုတဲ့ တတိယနိုင်ငံဖြစ်လာတယ်လို့ ရိုက်တာသတင်းမှာ ရေးပါတယ်။