Home
သတင်းဓာတ်ပုံ
မိုးကုတ်မြို့နယ် ကျပ်ပြင်ကျေးရွာအုပ်စုတွင် မီးလောင်မှုဖြစ်ပွား ( ဓာတ်ပုံ) 
DVB
·
December 30, 2020
134049763_690799241494110_3131093160662235468_n
133844276_690799511494083_8048323994167566240_n
133828891_690799284827439_3244811502848554262_n
133669909_690799358160765_8471561192278661423_n
133528483_690799394827428_7600563030024798221_o
133510964_690799471494087_6546617088690008132_n
133123726_690799321494102_6733935947130628932_n
133033902_690799434827424_3251259465012232833_n
မန္တလေးတိုင်းဒေသကြီး၊  မိုးကုတ်မြို့နယ် အနောက်ပိုင်းက ကျပ်ပြင်ကျေးရွာအုပ်စု၊ အောင်နီလာ (၁)ရပ်ကွက်မှာ ဒီဇင်ဘာ ၂၉ ရက်  ညနေခင်းပိုင်းက နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ အိမ်ရှင်ဟာ အိမ်ခန်းအတွင်းဖယောင်းတိုင်ထွန်းပြီး ဧည့်ခန်းမှာ ထမင်းစားနေချိန် ဖယောင်းတိုင်က တဆင့်နေအိမ်ကို ကူးစက်ကာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မိုးကုတ်မြို့နယ် သတင်းနှင့် ပြန်ကြားရေးဌာနကနေ  သိရပါတယ်။  မီးလောင်တဲ့  နေအိမ်ဟာ ၂ ခန်းပတ်လည် ရှိပြီး တစ်ထပ်အိမ်သွပ်မိုးထရံကာဖြစ်ကာ မီးလောင်မှုကြောင့်  လူတွေကတော့ ထိခိုက်ဒဏ်ရာရခဲ့တာမရှိပါဘူး။ မီးလောင်မှုဖြစ်ပွားရာနေရာကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊  ကြက်ခြေနီတပ်ဖွဲ့၊ လူကယ်ဆယ်ရေးအဖွဲ့ဝင်တွေနဲ့ ဒေသခံတွေပူးပေါင်းပြီး  မီးငြှိမ်းသတ်နိုင်ခဲ့ပါတယ်။ သတင်း- ဟန်နာထက်အောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024