A d v e r t i s e m e n t With Us

မိုးကုတ်မြို့တွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူတွေ့ရှိသဖြင့် စည်းကမ်းလိုက်နာကြရန်တိုက်တွန်း

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ ခရီးသွားရာဇဝင်မရှိတဲ့ မြို့တွင်း ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ အတည်ပြုလူနာ တစ်ယောက်ကို ဒီဇင်ဘာ ၂၈ ရက်က  တွေ့ရှိခဲ့တယ်လို့  ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကော်မတီက ပြောပါတယ်။ ပိုးတွေ့သူဟာ နေမကောင်းတာကြောင့် ဆေးရုံမှာ ဆေးလာစစ်တဲ့အခါမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပြီး မိုးကုတ်မြို့တွင်းမှာ နေထိုင်နေသူ ဖြစ်ပါတယ်။ အဆိုပါ လူနာဟာ ခရီးသွားရာဇဝင်မရှိထားသလို ပိုးတွေ့လူနာနဲ့လည်း ထိတွေ့ထားမှုမရှိဘူးလို့ သိရပါတယ်။    လက်ရှိ  ပိုးတွေ့လူနာနဲ့ သူ့ရဲ့ မိသားစုကို ကွာရန်တင်းစင်တာကို ပို့ဆောင်ထားပါတယ်။ မိုးကုတ်မြို့မှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း ၃၂ ယောက်ရှိပြီး ၂၈ ယောက် ဆေးရုံဆင်းရကာ ကျန်တဲ့ပိုးတွေ့လူနာတွေက ကျန်းမာရေးကောင်းမွန်နေတယ်လို့ သိရပါတယ်။ မိုးကုတ်မှာ ကွာရန်တင်းစင်တာ ၃ ခု ရှိပြီး ကွာရန် တင်းဝင်နေသူ စုစုပေါင်း ၂၁၂ ယောက် ရှိပါတယ်။ မိုးကုတ်မြို့တွင်းမှာ ကိုဗစ်-၁၉ ပိုးကူးစက်မှုစတင်နေပြီဖြစ်တာကြောင့် စည်းကမ်း သတ်မှတ်ချက်တွေကို စနစ်တကျလိုက်နာပေးဖို့ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ်ရေးကော်မတီက တိုက်တွန်းထားပါတယ်။ သတင်း - ဟန်နာထက်အောင်၊ ဓာတ်ပုံ - ပါရမီ

A d v e r t i s e m e n t With Us

More News
Up