ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ရန် မိုဒါနားကုမ္ပဏီနှင့် တောင်ကိုရီးယား စာချုပ် ချုပ်မည်

231
တောင်ကိုရီးယားပြည်သူ သန်း ၂၀ အတွက် မိုဒါနားကုမ္ပဏီထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရေးစာချုပ် လက်မှတ်ထိုးမယ်လို့ တောင်ကိုရီးယားအစိုးရက ဒီဇင်ဘာ ၂၉ ရက်မှာ ပြောပါတယ်။
ဗြိတိန်မှာ ကူးစက်မှု မြင့်မားနေတဲ့ ဗိုင်းရပ်စ်မျိုးကွဲကို တောင်ကိုရီးယားမှာ ပထမဆုံး တွေ့ရှိတာကြောင့် အများပြည်သူ ကာကွယ်ဆေးထိုးရေး အစီအစဉ်ကို တိုးမြှင့်သွားမယ်လို့ အာဏာပိုင်တွေ ကတိပြုပြိး နောက်ရက်မှာ ကြေညာခဲ့တာပါ။
တောင်ကိုရီးယား သမ္မတအိမ်တော် ပြောခွင့်ရ ပုဂ္ဂိုလ်က အခုထိ အစိုးရဟာ ပြည်သူ ၃၆ သန်းအတွက် ကာကွယ်ဆေးဝယ်ယူရေး သဘောတူလက်မှတ်ထိုးထားတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဒီနှစ်အတွင်းမှာ မိုဒါနာကုမ္ပဏီနဲ့ စာချုပ်ချုပ်တာနဲ့ ပြည်သူ ၅၆ သန်းအတွက် လုံလောက်တဲ့ ကာကွယ်ဆေး ရသွားမယ်လို့ သူက ပြောပါတယ်။
ဒီဇင်ဘာ ၂၉ ရက်က ထုတ်ပြန်တဲ့ ကိုဗစ်ကြောင့် သေဆုံးသူတွေရဲ့ ၇၀ ရာခိုင်နှုန်းဟာ အထူးကုဆေးရုံတွေနဲ့ သက်ကြီးဂေဟာတွေက ဖြစ်တယ်လို့ တောင်ကိုရီးယားရောဂါ ထိန်းချုပ်ရေး နဲ့ ကြိုတင်ကာကွယ်ရေးအေဂျင်စီ KDCA က ဆိုပါတယ်။
သက်ကြီးပိုင်းတွေနဲ့ ရောဂါအခံရှိသူတွေမှာ ကူးစက်မှု အများစု ဖြစ်ပေါ်တယ်လို့ KDCA က ထုတ်ပြန်ပါတယ်။