A d v e r t i s e m e n t With Us

နာမည်ကြီး မက္ကဆီကန် တေးရေးအဆိုတော်ကြီး  မာသလဲဒို ကွယ်လွန်

အချစ်သီချင်းတွေကြောင့် နာမည်ကြီးတဲ့ မက္ကဆီကန် အဆိုတော်တေးရေးဆရာ အာမန်ဒို မာသလဲဒိုဟာ အသက် ၈၅ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီလို့ မက္ကဆီကို သမ္မတ အော်ဘရေဒိုက ဒီဇင်ဘာ ၂၈ ရက်မှာ ပြောပါတယ်။  အနှစ် ၇၀ အနုပညာသက်တမ်းအတွင်း မာသလဲဒိုဟာ ဂရမ်မီဆု ၊ အယ်လ်ဘမ်ပေါင်းများစွာ နဲ့ ရုပ်ရှင်၊ဂီတများစွာ ဖန်တီးခဲ့ပြီး  တေးသီချင်းပေါင်း ၄၀၀ ကျော် ရေးသားခဲ့ပါတယ်။  အဲဒီတေးသီချင်တွေထဲမှာ "ဆိုမိုနိုဗီယိုစ်" နဲ့ "ကွန်တီဂို-အက်ပရန်ဒီ" တို့ ပါဝင်ပါတယ်။ မာသလဲဒိုဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် ဒီဇင်ဘာလထဲမှာပဲ ဆေးရုံတက်ခဲ့ တယ်လို့ မိသားစုက ပြောဆိုပါတယ်။  အဲဒီနောက်  ဒီဇင်ဘာ ၂၈ ရက်ကတော့ သူဟာ ကွယ်လွန်သွားခဲ့ပါတယ်။  မာသလဲဒိုဟာ ၂၀၁၄ ခုနှစ်မှာ ဂရမ်မီဆုကို ရခဲ့ပြီး ဂရမီဆုရတဲ့ ပထမဆုံး မက္ကဆီကန် အနုပညာရှင် ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up