Home
သတင်းဓာတ်ပုံ
ကိုဗစ်-၁၉ လူနာများအတွက်ဆေးရုံ We Love Yangon အဖွဲ့က တည်ဆောက်နေ (ဓာတ်ပုံ)
DVB
·
December 29, 2020
ကိုဗစ်-၁၉ အတည်ပြုလူနာတွေ ထားရှိနိုင်မယ့် ခုတင် ၃၀၀ ဆံ့‌ဆေးရုံတစ်ရုံကို  We Love Yangon ရန်ကုန်အခြေပြု ပရဟိတအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ် လှော်ကားလမ်းမကြီးဘေးမှာ တည်ဆောက်နေပါတယ်။ ဆေးရုံတည်ဆောက်ရေးကော်မတီ ခေါင်းဆောင် ဦးဆန်းကြူက "ယာယီအ‌ဆောက်အအုံ မဟုတ်ဘူး ဆေးရုံပေါ့။ မတတ်နိုင်တဲ့သူတွေကို အခမဲ့ကုသပေးမယ့်ဆေးရုံ လက်ရှိ‌တော့ ကိုဗစ်အတွက် ပထမအဆင့်အနေနဲ့ ဦးစားပေးဆောင်ရွက်နေတာပေါ့။ ၅ လပိုင်း‌ကုန်လောက်ဆို ဖွင့်နိုင်ဖို့ရည်မှန်းထားတယ်"လို့ ပြောပါတယ်။ အဆိုပါဆေးရုံဟာ ၉ ဧကနီးပါးကျယ်ဝန်းပြီး We Love Yangonက ဘတ်ဂျက်နဲ့ တည်ဆောက်နေတာဖြစ်ပြီး ဆေးရုံတည်ဆောက်ပြီးစီးသွားပါက အခြေခံလူတန်းစားတွေ  အခမဲ့ကုသခွင့်ရှိမယ်လို့ သိရပါတယ်။ Photo - Ye Myo Khant / MPA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024