A d v e r t i s e m e n t With Us

မအူပင်မြို့နယ်တွင် လယ်ဧက ၁၀၀၀ ကျော် ရေနစ်မြုပ်နေ 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ရွှေတောင်မှော်ကျေးရွာမှာ လယ်ဧက ၁၀၀၀ ကျော် ရေနစ်မြုပ်နေတာကြောင့် စပါးတွေပျက်စီးပြီး တောင်သူတွေ အခက်အခဲတွေဖြစ်ပေါ်နေပါတယ်။ ရွှေတောင်မှော်ကျေးရွာ အမှတ် ၄ ရပ်ကွက်က စိုက်ပျိုးပြီးတဲ့ လယ်တွေထဲမှာ အင်းတွေ ချောင်းတွေတိမ်ကောလာပြီး ရေနစ်မြုပ်နေတာကြောင့် တာဝန်ရှိသူတွေအနေနဲ့ လာရောက်ကြည့်ရှု ပြီး ကူညီပေးစေချင်တယ်လို့ တောင်သူတွေက ပြောပါတယ်။ ရွှေတောင်​​မှော်​​ကျေးရွာ အမှတ် (၄) ရပ်ကွက်နေ ဦးကျော်ကျော်က "မိုးတွင်ကာလမှာ ကတည်းက ရေစီးရေလာက မရှိတော့တာ လယ်ကွင်းထဲ ​ရေမပြတ်​ဖြစ်​နေတာ​ကြောင့် ဒီ​နေ့ အချိန်ထိ ​ရေနစ်မြုပ်နေတာပါ။​ ဒေသအတွင်းရှိ တာဝန်ရှိသူ​တွေအနေနဲ့ ​အောက်ခြေအထိ လာရောက်ကြည့်ရှုစစ်​ဆးမှု​တွေ ပြုလုပ်ပြီးဒေသအတွင်းက လယ်သမား​တွေရဲ့ အခက်အခဲ​တွေကို အကူညီပေးစေလိုပါတယ်​"လို့ ပြောပါတယ်။ လယ်ကွင်းတွေထဲမှာ ရေနစ်မြုပ်တာတွေ ရှိနေတာကြောင့် ရိတ်သိမ်းပြီးတဲ့ ကောက်လှိုင်း တွေ လမ်းပေါ်သယ်ယူဖို့အခက်အခဲတွေရှိလာပြီး စပါးတွေပျက်စီးတဲ့အခြေအနေတွေ ဖြစ်လာ တယ်လို့ ဆိုပါတယ်။ အင်းတွေ ချောင်းတွေ တိမ်ကောလာလို့ ရေကြီး နစ်မြုပ်မှုဖြစ်ပေါ်နေတဲ့ အမှတ် ၄ ရပ်ကွက်မှာ မျိုးစပါး စိုက်ပျိုးတဲ့ ဧကပေါင်း ၃၀၀၀ ကျော် ရှိတဲ့အထဲက ဧက ၁၀၀၀ ကျော်လောက်က ရေကြီးနစ်မြုပ်တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရ တာဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ သတင်း- မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်​ပုံ-​အောင်​မြသန်း(မအူပင်)

A d v e r t i s e m e n t With Us

More News
Up