A d v e r t i s e m e n t With Us

အာဆင်နယ်နောက်ခံလူ ဂါဘရီရယ် ကိုဗစ်-၁၉ ကူးစက်

အာဆင်နယ်နောက်ခံလူ ဂါဘရီရယ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရပြီး သီးသန့် ခွဲခြား နေထိုင်နေရပါတယ်။  ကစားသမားဟာ ရောဂါပိုးရှိသူနဲ့ ထိတွေ့မှု ရှိခဲ့ပြီး ကြိုတင်ကာကွယ်မှုအနေနဲ့ ခွဲခြား နေထိုင်နေရသူဖြစ်တယ်လို့ အသင်းဘက်က အတည်ပြုပါတယ်။ သူ့ရဲ့ကွာရန်တင်း အခြေအနေကြောင့် ကစားသမားဟာ ချဲလ်ဆီးအသင်းနဲ့ပွဲစဉ်ကို လွဲချော်ခဲ့သလို ဒီဇင်ဘာ ၂၉ ဘရိုက်တန်၊ ဇန်နဝါရီ ၂ ရက်ဝက်စ်ဘ ရွမ်းနဲ့ပွဲစဉ်တို့ကိုလည်း လွဲချော်မှာ ဖြစ်ပါတယ်။  “ပရီးမီးယားလိဂ်နဲ့ အစိုးရရဲ့ သတ်မှတ်ချက်တွေနဲ့အညီ ဂါဘရီရယ်ဟာ ခွဲခြား နေထိုင်နေပါတယ်။ အသင်းဘက်က သူ့ကို စောင်ကြည့်ထောက်ပံ့ပေးသွားမှာဖြစ်ပြီး သူဟာ အသင်းရဲ့ လာမယ့် ၂ ပွဲကိုလွဲချော်ရ  တော့မှာဖြစ်ပါတယ်” လို့ အာဆင်နယ်အသင်းဘက်က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။  ဘရာဇီးလ်ကစားသမားဂါဘရီရယ်အပြင် အာဆင်နယ်အသင်းနဲ့နောက်ထပ်ကစားသမား ၂ ဦးဖြစ်တဲ့ ဒေးဗစ်လူဝစ္စနဲ့ ဝီလီယမ်တို့ဟာလည်း အာဆင်နယ်အသင်းနဲ့ ၂၀၂၀ နောက်ဆုံးပွဲစဉ်ကို လွဲချော်ရမယ်လို့သိရပါတယ်။  သူတို့ ၂ ဦးစလုံးဟာ ဖျားနာမှုကြောင့် ချဲလ်ဆီးအသင်းနဲ့ပွဲစဉ်ကို လွဲချော်ခဲ့ရသူတွေဖြစ်ပြီး အခုချိန်အထိမသက်သာသေးဘူးလို့ အာဆင်နယ်အသင်းကပြောပါတယ်။ အသင်းရဲ့အစောပိုင်းထုတ်ပြန်ချက်မှာ ဒီကစားသမား ၂ ဦးရဲ့ ဆေးစစ်မှုမှာ ဗိုင်းရပ်စ် ကူးစက်ခံရခြင်း မရှိဘူးလို့ သိရပါတယ်။  ဘရာဇီးကစားသမားတွေနဲ့အတူ သောမတ်စ်ပါတေးဟာလည်း အသင်းရဲ့ဒဏ်ရာရ စာရင်းမှာ ရှိနေပါတယ်။  ပါတေးဟာ ဒီဇင်ဘာ ၆ ရက်နေ့ကတည်းက ဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး သူ့အခြေအနေကို နေ့စဉ်အနီးကပ်စောင့် ကြည့်စစ်ဆေးနေတယ်လို့အသင်းက ပြောပါတယ်။  ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတဲ့ ဂါဘရီရယ်ဟာ အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ် ၁၅ ပွဲကစားပေးထားပြီး ၂ ဂိုးသွင်းယူပေးထားသူလည်း ဖြစ်ပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up