Home
အနုပညာ
မြန်မာ့ရုပ်ရှင် Rating စနစ်ပြောင်းလဲရေး နာမည်ကျော်အနုပညာရှင်များ လက်မှတ်ထိုးပါဝင် (ဓာတ်ပုံ)
DVB
·
December 29, 2020
Untitled-2
133466326_183893300101539_5662606840186076383_o
133367042_184713726686163_9023747060231101879_o
133067354_184134636744072_774213648274703396_o
133029074_184713690019500_5689766336622792460_n
132873742_183893150101554_3918392409778043657_o
132826118_183893173434885_2528166842770646573_o
132661554_184713753352827_7384973477429676321_o
132506684_184551833369019_8561039632987528949_o
132463467_184718573352345_6256888332897669193_o
မြန်မာ့ရုပ်ရှင်လောကမှာ လက်ရှိကျင့်သုံးနေတဲ့ ဆင်ဆာစနစ်ကနေ ရုပ်ရှင်အဆင့် သတ်မှတ်ချက်စနစ်(Rating System)ကို ပြောင်းလဲကျင့်သုံးဖို့အတွက် သဘောတူလက်ခံ ကြောင်း #RatingSystemNow လှုပ်ရှားမှုမှာ နာမည်ကျော်အနုပညာရှင်တွေလည်း ဝန်းရံ ပါဝင်လာခဲ့ပါတယ်။ ဒီလှုပ်ရှားမှုအစီအစဉ်ကိုတော့ မြန်မာနိုင်ငံ ဝတ္ထု၊ ဇာတ်ညွှန်းနှင့် ဒါရိုက်တာများအသင်း (WDOM)က ဦးဆောင်ကျင်းပတာဖြစ်ပြီး #WDOM #RatingSystemNow #ရုပ်ရှင်ဆင်ဆာမလိုအပ်ပါ စတဲ့ ဟက်ရှ်တက်ဂ်တွေနဲ့အတူ လက်မှတ်ရေးထိုးခဲ့ကြတဲ့ အနုပညာရှင်၊ အတတ်ပညာရှင်တွေရဲ့ ဓာတ်ပုံတွေကို အသင်းရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတဆင့် မျှဝေ ထားခဲ့တာပါ။ လက်မှတ်ရေးထိုးခဲ့ကြသူတွေထဲမှာတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဒါ ရိုက်တာ ညီညီထွန်းလွင်အပါအဝင် စာရေးဆရာ ဝင်းဖေ၊ ချစ်ဦးညို၊ လင်္ကာရည်ကျော်၊ ဂျူး၊ နာမည်ကြီး ဂီတပညာရှင်တွေဖြစ်ကြတဲ့ ဇော်ဝင်းထွဋ်၊ လေးဖြူ၊ ဒါရိုက်တာတွေ ဖြစ်ကြတဲ့ ဝိုင်း၊ သားညီ၊ ဏကြီး၊ ထူးပိုင်ဇော်ဦး၊ အကယ်ဒမီသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ရန်အောင်၊ မေသန်းနု၊ လူမင်း၊ မေသဉ္ဇာဦးစတဲ့ အနုပညာရှင်တွေနဲ့အတူ မျိုးဆက်သစ် လူငယ်အနုပညာရှင်တွေ၊ အတတ်ပညာရှင်အလွှာအသီးသီးကပါ ဝိုင်းဝန်းပါဝင်နေကြတာ ကို တွေ့ရပါတယ်။ လက်ရှိမှာတော့ ဒီလှုပ်ရှားမှုကို ဒီဇင်ဘာ ၃၀ အထိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အပါအဝင်နေရာ ၅ ခုမှာ လက်မှတ်ရေးထိုးနိုင်ဖို့ စီစဉ်ထားကာ ပါဝင်လိုသူတွေအတွက် တခြားမြို့နယ်တွေမှာလည်း လက်မှတ်ရေးထိုးနိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024