A d v e r t i s e m e n t With Us

နိုင်ငံတဝန်း ကိုဗစ်-၁၉ ထောင်ချီကူးစက်ခံရသည့် မြို့နယ် ၃၆ ခုရှိ၊ သေဆုံးသူ ၂၆၀၀ ကျော်လာ

မြန်မာတနိုင်ငံလုံးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ထောင်ချီကူးစက်ခံမြို့နယ် ၃၆ ခုထိ ရှိလာခဲ့ပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ အဆိုပါ မြို့နယ် ၃၆ ခုထဲမှာတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်ပေါင်း ၂၉ မြို့နယ်၊ မန္တလေးတိုင်းက ၅ မြို့နယ်၊ ရခိုင်ပြည်နယ်က ၁ မြို့နယ်နဲ့ ပဲခူးတိုင်းက ၁ မြို့နယ် ပါဝင်နေတာ ဖြစ်ပါတယ်။ အဲဒီထဲမှာ ပိုးတွေ့လူနာ ၅,၀၀၀ ကျော်တဲ့မြို့နယ် ၂ ခု၊ ၄,၀၀၀ ကျော်တဲ့ မြို့နယ် ၃ ခု၊ ၃,၀၀၀ ကျော်တဲ့ မြို့နယ် ၃ ခု၊ ၂,၀၀၀ ကျော်တဲ့ မြို့နယ် ၁၁ ခုနဲ့ ၁,၀၀၀ ကျော်တဲ့ ၁၇ ခု ပါဝင်နေတာ ဖြစ်ပါတယ်။ ပိုးတွေ့လူနာ ၅,၀၀၀ ကျော်နဲ့ ရောဂါကူးစက်မှုအများဆုံးမြို့နယ် ၂ ခုကတော့ ရန်ကုန်တိုင်း မင်္ဂလာဒုံနဲ့ မြောက်ဥက္ကလာပမြို့နယ်တွေဖြစ်ပြီး ၅,၇၃၆ ယောက်နဲ့ ၅,၆၀၄ ယောက်စီ အသီးသီး ကူးစက်ခံထားရပါတယ်။ ပိုးတွေ့လူနာ ၄,၀၀၀ ကျော်တဲ့ မြို့နယ် ၃ ခုကတော့ ရန်ကုန်တိုင်းမြို့နယ်တွေ ဖြစ် တဲ့ လှိုင်သာယာ၊ အင်းစိန်၊ သင်္ဃန်းကျွန်းမြို့နယ်တွေဖြစ်ပြီး ပိုးတွေ့လူနာဦးရေ ၄,၆၅၂ ယောက်၊ ၄,၄၃၄ ယောက်၊ ၄,၂၆၉ ယောက်စီနဲ့ အသီးသီး ကူးစက်ခံထားရပါတယ်။ ပိုးတွေ့လူနာ ၃,၀၀၀ ကျော်တဲ့ မြို့နယ် ၃ ခုကတော့ ရန်ကုန်တိုင်းမြို့နယ်တွေ ဖြစ် တဲ့ မရမ်းကုန်း၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွေဖြစ်ပြီး ပိုးတွေ့လူနာ ဦးရေ ၃,၆၈၉ ယောက်၊ ၃,၆၈၅ ယောက်၊ ၃,၀၂၃ ယောက်စီနဲ့ အသီးသီး ကူးစက်ခံထားရ ပါတယ်။ ပိုးတွေ့လူနာ ၂,၀၀၀ ကျော်တဲ့ မြို့နယ် ၁၁ ခုထဲမှာတော့ ရန်ကုန်တိုင်းမြို့နယ် ၇ ခုဖြစ်တဲ့ တာမွေ၊ လှိုင်၊ တောင်ဥက္ကလာပ၊ သန်လျင်၊ ကမာရွတ်၊ သာကေတ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်တွေ၊ မန္တလေးတိုင်းမြို့နယ် ၃ ခုဖြစ်တဲ့ ချမ်းအေးသာစံ၊ မဟာအောင် မြေနဲ့ အောင်မြေသာစံမြို့နယ်တွေနဲ့အတူ ပဲခူးတိုင်းမြို့တော် ပဲခူးမြို့တွေ ပါဝင်နေပါ တယ်။ အဲဒီမြို့နယ်တွေနောက်မှာတော့ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁,၀၀၀ ကျော်ရှိတဲ့ မြို့ နယ် ၁၇ ခုအနေနဲ့ ရန်ကုန်တိုင်းမြို့နယ် ၁၄ ခုဖြစ်တဲ့ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ မှော်ဘီ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ မင်္ဂလာတောင်ညွန့်၊ ဗဟန်း၊ ဒလ၊ လမ်းမတော်၊ ရန်ကင်း၊ ဒဂုံမြို့ သစ်(ဆိပ်ကမ်း)၊ ဗိုလ်တထောင်၊ ဒေါပုံ၊ အလုံ၊ လှည်းကူးမြို့နယ်တွေ၊ မန္တလေးတိုင်းမြို့ နယ် ၂ ခုဖြစ်တဲ့ ချမ်းမြသာစည်နဲ့ အမရပူရမြို့နယ်တွေနဲ့အတူ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့တွေ ပါဝင်နေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ မတ် ၂၃ ရက်ကစတင်တွေ့ရှိခဲ့တာဖြစ်ပြီး တကျော့ပြန်ကူးစက်မှုတွေနဲ့ အချိန် ၉ လကျော်ရှိ လာခဲ့ချိန်မှာတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပိုးတွေ့လူနာအရေအတွက် ၁၂၀,၀၀၀ ကျော် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒီဇင်ဘာ ၂၈ ရက်ည ၈ နာရီထုတ်ပြန်ချက်အရ တနိုင်ငံ လုံးမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း  ၁၂၂,၅၃၄ ယောက်၊ သေဆုံးသူ ၂,၆၁၈ ယောက်နဲ့ ပိုးတွေ့ပြန်လည်သက်သာလာသူပေါင်း ၁၀၄,၃၅၁ ယောက် ရှိနေပါတယ်။ ပြည်နယ်နဲ့ တိုင်းအလိုက်ကြည့်မယ်ဆိုရင်တော့ ရန်ကုန်တိုင်းက လူနာအရေအ တွက် ၈၀,၀၀၀ ကျော် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရပြီး ပိုးတွေ့လူနာ အများဆုံးဖြစ် ကာ ဒုတိယနေရာမှာတော့ မန္တလေးတိုင်းနဲ့ ပဲခူးတိုင်းတွေက ပိုးတွေ့လူနာ ၁၃,၀၀၀ ကျော်နဲ့ ၇,၀၀၀ ကျော်စီ ရှိနေတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့က စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု ဟာ တကမ္ဘာလုံးကပ်ရောဂါအသွင်ဆောင်လာခဲ့ပြီး လက်ရှိအချိန်ထိ နိုင်ငံပေါင်း ၂၀၀ ကျော်မှာ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၈၁ ဒသမ ၅ သန်းကျော်လာခဲ့ပြီဖြစ်ကာ သေ ဆုံးသူ ၁  ဒသမ ၇၇ သန်းကျော်နဲ့ ရောဂါပျောက်ကင်းသက်သာသူ စုစုပေါင်း ၅၇ ဒသမ ၅ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up