နိုင်ငံ့အရေး သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် အမြင်ချင်းဖလှယ်
ရွှေအောင်
·
September 2, 2013
သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ နိုင်ငံတော်အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး အမြင်ချင်းဖလှယ်ခဲ့ကြတယ်လို့ သမ္မတ ပြောခွင့်ရ ဦးရဲထွဋ်က ပြောပါတယ်။
[caption id="attachment_43137" align="alignright" width="300" caption="သမ္မတနှင့်ဒေါ်အောင်ဆန်းစကြည်၂၀၁၁ ခုနှစ်က တွေ့ဆုံစဉ်"][/caption]
ဩဂုတ်လ ၃၁ ရက်က နေပြည်တော်ရှိ သမတလယ်တောအိမ်မှာ သူတို့နှစ်ဦး တွေ့ဆုံခဲ့ကြတာဖြစ်ပြီး မတွေ့တာကြာပြီမို့ တွေ့ဆုံခဲ့ကြတာလို့ ဆိုပါတယ်။
“သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကြားမှာ မတွေ့တဲ့အချိန် ကြာခဲ့ပြီမို့ တွေ့ဆုံခဲ့ပြီးတော့ ဒီနေ့ နိုင်ငံတော်နဲ့ ပတ်သက်တဲ့ ကိစ္စတွေ အမြင်ချင်းဖလှယ်တယ်လို့ပဲ ကျနော်တို့ ပြောလို့ရပါတယ်။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဦးဝင်းမြင့်ကတော့ သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့တယ်ဆိုတာပဲ သိပြီး ဘာတွေဆွေးနွေးကြတယ်ဆိုတာ မသိဘူးလို့ ပြောပါတယ်။
သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီတကြိမ်တွေ့ဆုံမှုဟာ ၄ ကြိမ်မြောက် ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ်၊ ဩဂုတ်လထဲမှာ ပထမအကြိမ်၊ ၂၀၁၂ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲအပြီး တကြိမ်နဲ့ ၂၀၁၂ ခုနှစ် သမ္မတရဲ့ အမေရိကန်ခရီးစဉ်အတွင်း အမေရိကန်မှာ တွေ့ကြတာ တကြိမ်တို့ ဖြစ်ပါတယ်။