Wonder Woman 1984 ရုပ်ရှင် ရုံတင်ဝင်ငွေ ဒေါ်လာ ၃၆ သန်းကျော် ရရှိ

ခရစ္စမတ် အားလပ်ရက်အတွင်း ကမ္ဘာတဝန်း ရုပ်ရှင်ရုံတွေမှာ ‘Wonder Woman 1984’ ကို ပြသရာမှာ အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၁သန်း ဝင်ငွေရခဲ့တယ်လို့ ဝါနာဘရားသားစ်ကုမ္ပဏီက ဒီဇင်ဘာ ၂၇ ရက်မှာ ပြောပါတယ်။ အမေရိကန်နဲ့ ကနေဒါ ရုပ်ရှင်ရုံတွေဆီကနေ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၇ သန်း ရခဲ့တယ်လို့လည်း AT&T နိုင်ငံတကာ ကော်ပိုရေးရှင်းပိုင်စတူဒီယိုက ပြောပါတယ်။ ဒါဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကြောင့် မတ်လကစပြီး ရုပ်ရှင်ရုံတွေ ပိတ်ထားရပြီးတဲ့နောက်ပိုင်းမှာ ပြည်တွင်း ရုပ်ရှင်ဈေးကွက်အတွင်း ဝင်ငွေအရဆုံး ဇာတ်ကား ဖြစ်လာတာပါ။ ရုပ်ရှင်ကို ဝါနာမီဒီယာရဲ့ HBO Max ရုပ်သံလိုင်းကနေလည်း ပြသခဲ့လို့ အမေရိကန်နိုင်ငံအတွင်း ‘WW84’ ဇာတ်ကားကို သန်းချီတဲ့လူတွေက အိမ်ကနေ ကြည့်ခဲ့ကြပြီး သောကြာနေ့က HBO Max ရုပ်သံလိုင်းကို ကြည့်တဲ့ နာရီအရေအတွက်ဟာ အရင်လက ပုံမှန်ရက်ထက် ၃ ဆ ပိုများတယ်လို့လည်း ကုမ္ပဏီက ကြေညာချက် ထုတ်ပြန်ပါတယ်။ ဝါနာဘရားသားစ်ကုမ္ပဏီက “တတိယမြောက် ‘Wonder Woman’ ရုပ်ရှင်ကားကို ဇာတ်ညွှန်း ရေးသား ညွှန်ကြားပြီး အမြန်ရိုက်ကူးမယ်၊ အဓိကဇာတ်ကောင် ဂယ်လ်ဂဒေါ့က ကြိုးကွင်းပစ်ဖမ်းတဲ့ သူရဲကောင်းအဖြစ် သရုပ်ဆောင်မယ်”လို့  ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up