DVB Logo
Home
မြန်မာသတင်း
နိုင်ငံသားဖြစ်မှ ပါတီထောင်ခွင့် ဥပဒေကြမ်းတင်
DVB
·
August 30, 2013
Donate to DVB

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ ဆွေးနွေးဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။

ဒီဥပဒေကြမ်းကို ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီဥက္ကဋ္ဌ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ဒီလ ၂၃ ရက်နေ့မှာ တင်သွင်းခဲ့တာဖြစ်ပြီး တင်တဲ့နေ့မှာ ပြည်ခိုင်ဖြိုးပါတီက  အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ကန့်ကွက်ခဲ့ပါတယ်။

ဒီနောက် အပြန်အလှန်ဆွေးနွေးကြပြီး အမျိုးသားလွှတ်တော်ကနေ ဒီဥပဒေကြမ်းကို ဆွေးနွေးဖို့ အတည်ပြုထားတာပါ။
ဒီဥပဒေကြမ်းတင်တာနဲ့ပတ်သက်လို့ ဒေါက်တာအေးမောင်ကို ဆက်သွယ်မေးမြန်းရာမှာ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကိုပါ ထိပါးနိုင်တဲ့ကိစ္စဖြစ်တာကြောင့် တင်ပြတာဖြစ်တယ်လို့ ပြောပါတယ်။

“နိုင်ငံတခုရဲ့ အချုပ်အခြာအာဏာကို ပိုင်းဖြတ်နိုင်အောင် ရွေးကောက်ပွဲကို ၀င်ပြီးကာမှ လူထုကို စည်းရုံးတဲ့ နိုင်ငံရေးပါတီတရပ်ဟာ၊ နိုင်ငံရေးပါတီတရပ်ကို တည်ထောင်တဲ့ပုဂ္ဂိုလ်ဟာ၊ နိုင်ငံရေးပါတီတရပ်ရပ်ရဲ့ အဖွဲ့ဝင်ဟာ နိုင်ငံသားဖြစ်သင့်၊ မသင့် ကျနော်တို့ စဉ်းစားရမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း နိုင်ငံသားဖြစ်မှ ဒီအခွင့်အရေးကို ပေးတယ်ဆိုတဲ့အခါ ပြီးခဲ့တဲ့ နယက လက်ထက်က ဥပဒေအမှတ် ၁/၂၀၁၀ ကို ထုတ်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ၄ (က) မှာ နိုင်ငံသားမဟုတ်တဲ့ ဒီ့ပြင်နိုင်ငံသားပေါ့။ နိုင်ငံသားပြုခွင့်ရတဲ့ ပုဂ္ဂိုလ်၊ ယာယီသက်သေခံလက်မှတ် ကိုင်တဲ့ပုဂ္ဂိုလ်တွေကို နိုင်ငံရေးပါတီထောင်ခွင့် ပေးထားတာက အချုပ်အခြာ အာဏာအပေါ်မှာ ဘယ်လို ထိခိုက်နိုင်သလဲ။ တကယ်တမ်း နိုင်ငံတော်တခုမှာ ရှိအပ်တဲ့ အမျိုးသားလုံခြုံရေးနဲ့ အမျိုးသားအကျိုးစီးပွားကို တကယ်ကာကွယ်နိုင်မလားဆိုတဲ့ အင်မတန်ကြီးမားကျယ်ပြန်တဲ့ မဟာဗျူဟာ ရှုထောင့်က ပြန်သုံးသပ်ဖို့လိုပြီ။ ဘာကြောင့်လဲဆိုရင် မြန်မာနိုင်ငံရဲ့တည်ရှိမှု၊ ပထ၀ီနိုင်ငံ ဆက်ကြောင်းဟာ အင်မတန်အရေးကြီးတဲ့နေရာမှာရှိတယ်။”

ဒါ့အပြင် ဒေါက်တာအေးမောင်က ပဋိပက္ခ စုံစမ်းရေးကော်မရှင် အစီရင်ခံစာကို ကိုးကားပြီး ပြည်ခိုင်ဖြိုးအသင်းဟာ မိမိပါတီ အနိုင်ရရေးအတွက်  ဘဂါင်္လီတွေကို အဖြူရောင်မှတ်ပုံတင်ကတ်ပြားတွေ အမြောက်အမြား ထုတ်ပေးခဲ့တာ၊ အဖြူရောင်ကတ်ပြားတွေနဲ့ အစစ်ဆေး အမေးအမြန်း ခံစရာမလိုဘဲ ဘဂါင်္လီတချို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရတာတွေကို ကိုးကားပြောဆိုခဲ့ပါတယ်။

ကန့်ကွက်တဲ့ ပြည်ခိုင်ဖြိုးပါတီက အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေကတော့ ဒီဥပဒေကြမ်းကို မူလရေးဆွဲသူတွေဟာ အမြော်အမြင်ရှိရှိ ရေးဆွဲခဲ့ကြတာလို့ သူက ယူဆပါတယ်။

“ဥပဒေက ကျနော်ပြန်ဋ္ဌာန်းခဲ့တဲ့ ဥပဒေမဟုတ်ဘူး။ ဟိုး နယက လက်ထက်ကတည်းက ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေ။ ဒီဥပဒေနဲ့ပဲ ကျနော်တို့ လွှတ်တော်ထဲ ၀င်လာကြတာလေ။ အခုမှ ထွင်ပြီး အဲဒါကို ထည့်တာမဟုတ်ဘူး။ ပြီးရင် ရှိပြီးသား ဥပဒေအတိုင်းတားတာ ကယ်ပေါက်ပေးထားတာ။ သူတို့ကို အသက်ရှူခွင့်လေး ပေးထားတာ။ ဒါလေးရှိနေရင် ဒီထက်မဆိုးတော့ဘူးပေါ့ဗျာ။ အာသာဖြေလို့ ရတာပေါ့။ တပ်မတော်သား ၂၅ ရာခိုင်းနှုန်းပေးထားတာ အဲဒါ အာသာ ဖြေခိုင်းထားတာ။ အာဏာမသိမ်းအောင် အာသာဖြေခိုင်းထားတာ။ ငါတို့လွှတ်တော်ထဲမှာ ပြောဆိုခွင့်ရနေတာပဲ ဆိုတဲ့ သဘောနဲ့ ကယ်ပေါက်ပေးထားတာ။ အဲဒါကိုဖယ်လိုက်ရင် ဟိုက အာဏာသိမ်းသွားနိုင်တယ်။ သဘောတရား သွားပြီးတော့ ဆက်စပ်တယ်။ အရင်အစိုးရက ငပေါမဟုတ်ဘူး၊ သူတို့က သေချာလုပ်သွားတာ။ သူတို့ကို ကယ်ပေါက်ပေးသွားတာ။”

မြန်မာနိုင်ငံ နယ်စပ်အသီးသီးမှာ လူမျိုးတွေဟာ ကူးလူးနေထိုင်နေကြတာကို အသိအမှတ်ပြုဖို့ လိုတယ်လို့ ပြောပါတယ်။ သူဟာ ၉ နှစ်ကြာ ရခိုင်နယ်မှာ နေထိုင်ခဲ့မှုအရ  ၁၉၈၂ နိုင်ငံသားဥပဒေအရ ကိုင်တွယ်မယ်ဆို ယာယီနိုင်ငံသား စိစစ်ရေးကတ်ပြား အစိမ်းရောင်ကတ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ ပန်းရောင်ကတ်ပြား ရရှိမယ့်သူတွေ အများအပြား ရှိတယ်လို့ ပြောပါတယ်။



Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013