လွှတ်တော်ကိုယ်စားလှယ် ရုပ်သိမ်းသည့် ဥပဒေကြမ်း ဆက်ဆွေးနွေးရန် တောင်းဆို
DVB
·
August 30, 2013
ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဆိုင်းငံ့ထားတဲ့ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်အဖြစ်က ပြန်လည် ရုပ်သိမ်းခြင်း ဥပဒေကို ဆက်လက်ဆွေးနွေးပေးဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ထံ စာပို့ တောင်းဆိုလိုက်ပါတယ်။
ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော်အမတ် ဦးရဲထွန်းနဲ့ ဆက်သွယ်မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။