DVB Logo
Home
မြန်မာသတင်း
သတင်းအတတ်ပညာသင် တက္ကသိုလ် ဖွင့်နိုင်ရေး သမ္မတကို တင်ပြမည်
DVB
·
August 30, 2013
Donate to DVB

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံတဲ့ခါ နိုင်ငံတကာအဆင့်မီ သတင်းအတတ်ပညာသင် တက္ကသိုလ်တခု ဖွင့်ရေးကိစ္စ တင်ပြသွားမယ်လို့ မြန်မာဂျာနယ်လစ်ကွန်ရက် (MJN) က ပြောပါတယ်။

မြန်မာဂျာနယ်လစ်ကွန်ရက် (MJN)၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (MJA) နဲ့ မြန်မာ စာနယ်ဇင်း သမဂ္ဂ (MJU) တို့နဲ့ သမ္မတ ဦးသိန်းစိန်က တွေ့ဆုံဖို့ အကြမ်းဖျင်း သဘောတူထားတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ကလည်း သမ္မတနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။

မြန်မာပြည်ရဲ့ သတင်းမီဒီယာကဏ္ဍမှာ ပုဂ္ဂလိက အမ်ဂျီအို၊ အိုင်အမ်ဂျီအိုတွေကသာ သတင်းအတတ်ပညာတွေကို အခမဲ့ သင်ကြားပေးနေကြတာပါ။
ဒါကြောင့် သမ္မတနဲ့တွေ့တဲ့အခါ မြန်မာမီဒီယာဖွံ့ဖြိုးရေးအတွက် အစိုးရအသိအမှတ်ပြု သတင်းအတက်ပညာသင် တက္ကသိုလ် ဖွင့်လှစ်ဖို့ တောင်းဆိုမယ်လို့ မြန်မာဂျာနယ်လစ်ကွန်ရက်ရဲ့ အထွေထွေအတွင်းရေးမှူး ကိုအောင်သူရက ပြောပါတယ်။

“မြန်မာပြည်မှာ သတင်းစာပညာကျောင်းတခု ဖွင့်ပေးဖို့ပေါ့။ လက်ရှိ ရှိတဲ့ ဗိုလ်တထောင်တက္ကသိုလ်က ၀ါဒဖြန့်တာလောက်ပဲ သင်နေတဲ့အတွက် သတင်းစာပညာအတွက် အသုံးမတည့်ဘူး။ တိုက်တွေကလည်း ဒီလိုပဲ အဆင်ပြေတဲ့သူ ဆွဲခန့်၊ သင်တန်းတွေလည်း အပြည့်အ၀မပေးနိုင်တော့ သတင်းမီဒီယာလောကမှာ ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးဘူး။ နောက် ပြည်ပနိုင်ငံတွေနဲ့ ပတ်သက်ပြီး ထိုင်းမှာဆိုရင်လည်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသတင်းထောက်ဆိုတာ ရှိတယ်။ မြန်မာပြည်မှာ အဲလိုမျိုး မရှိသေးဘူး။ နိုင်ငံတကာ အဆင့်မီမဟုတ်ရင်တောင်မှ ထိုင်းလောက်မှာရှိတဲ့ တက္ကသိုလ်လောက်ဖြစ်မှ ဒါမျိုးဖြစ်မယ်လို့ ယူဆတယ်။ အဲဒီအတွက် တွေ့ဖို့ ကမ်းလှမ်းတာပါ။”

တွေ့ဆုံဖို့ထဲမှာပါဝင်တဲ့ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း အတွင်းရေးမှူး ကိုဖိုးနိုင်လင်းကလည်း သတင်းမီဒီယာသမားတွေ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဘယ်လောက်အထိ လွတ်လပ်ခွင့်တွေ ရနိုင်မလဲဆိုတာကို ထည့်သွင်းပြီး မေးမြန်းသွားမယ်လို့ ပြောပါတယ်။

“ကျနော်တို့ တကယ်တမ်းတွေ့ဖြစ်မယ်ဆိုရင် မီဒီယာလောကအတွက် ရှေ့အလားအလာ မေးရမှာပေါ့။ မီဒီယာလောကသားတွေကို လွတ်လပ်ခွင့် ဘယ်လောက်ထိ ပေးမလဲ၊ အခု တော်တော်လေးတော့ ရနေပါပြီ။ ကျနော်တို့ သိချင်တာတွေ မေးမယ်။ အဓိက မီဒီယာလောကကို ကိုယ်စားပြုထားတဲ့အတွက် မီဒီယာလောကနဲ့ ပတ်သက်တဲ့ မေးခွန်းပဲ မေးသင့်တယ်လို့ ယူဆပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013