Home
မြန်မာသတင်း
တိုင်းနှင့်ပြည်နယ် မြို့နယ်တစ်ချို့တွင် Stay At Home အမိန့် ပယ်ဖျက်
DVB
·
December 27, 2020
တိုင်းနဲ့ပြည်နယ်က မြို့နယ်တစ်ချို့ကို Stay At Home အစီအစဉ်ကနေ ပယ်ဖျက်လိုက်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၆ ရက်ညမှာ ထုတ်ပြန်ပါတယ်။ ကိုဗစ်- ၁၉ ရောဂါပိုးကူးစက်ခဲ့တဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်တစ်ချို့က မြို့နယ်တွေကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မိမိအိမ်မှာနေထိုင်ဖို့ကို စက်တင်ဘာလအတွင်းက သတ်မှတ်ခဲ့တာပါ။ ပြီးခဲ့တဲ့ ၁၄ ရက်အတွင်း ပြည်သူတွေ ကိုဗစ်ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ တက်တက်ကြွကြွပါဝင်ဆောင်ရွက်မှု ရောဂါပိုးတွေ့ရှိမှုနဲ့ တဦးကနေ အစုလိုက်ကူးစက်မှုတွေ နည်းလာတာကြောင့် မြို့နယ်တွေမှာ အဲဒီအမိန့်တွေကို ပယ်ဖျက်လိုက်တာလို့ ဆိုပါတယ်။ ရန်ကုန်တိုင်းက ဆိပ်ကြီးခနောင်တို၊ တွံတေးနဲ့ ကွမ်းခြံကုန်မြို့နယ်၊ မွန်ပြည်နယ်မှာ မော်လမြိုင်နဲ့ ဘီလင်းမြို့နယ်၊ ကချင်ပြည်နယ်မှာ ဖားကန့်နဲ့ မိုးညှင်းမြို့နယ်၊ မန္တလေးတိုင်း အမရပူရမြို့နယ် စတဲ့မြို့နယ်တွေမှာ ရောဂါထိန်းချုပ်ဖို့လိုတဲ့ ရပ်ကွက် ကျေးရွာတွေကို ချန်ပြီး Stay At Home အမိန့်ကို ပယ်ဖျက်လိုက်တာပါ။ အဲဒီအပြင် ပဲခူးတိုင်းဒေသကြီးက ကဝနဲ့ သနပ်ပင်မြို့နယ်၊ ဧရာဝတီတိုင်း ဖျာပုံနဲ့ မအူပင်မြို့နယ်တွေကိုလည်း Stay At Home အမိန့်ကနေ ပယ်ဖျက်လိုက်ပြီဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024