ချဲလ်ဆီးနှင့်ပွဲတွင် အာဆင်နယ်အသင်း ပင်နယ်တီမရသင့်ဟု နဗီးလ် သုံးသပ်

354
အာဆင်နယ်အသင်း ပင်နယ်တီမရသင့်ကြောင်း မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က သုံးသပ်လိုက်ပါတယ်။
စကိုင်းစပေါ့ရုပ်သံကနေ သုံးသပ်တင်ဆက်ခဲ့ရာမှာ အာဆင်နယ်အသင်း ဦးဆောင်းဂိုး ရရှိစေခဲ့တဲ့ ပင်နယ်တီဟာ ပေးသင့်တဲ့ အခြေအနေမှာမရှိဘူးလို့ နဗီးလ်က သုံးသပ်ခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ဘယ်နောက်ခံလူ တီယာနေးကို ရီဆီဂျိမ်းက ပြစ်ဒဏ်ဘောပြုလုပ်ခဲ့ပြီး VAR နဲ့ ပြန်လည်စစ်ဆေးပြီးမှ ပင်နယ်တီပြစ်ဒဏ် သတ်မှတ်ခဲ့တာပါ။
ရီဆီဂျိမ်းအနေနဲ့ တီယာနေးအပေါ် ပင်နယ်တီပေးလောက်တဲ့ ထိတွေ့မှု မရှိကြောင်းနဲ့ တီယာနေးက ဟန်ဆောင်လှဲချခဲ့တာလို့ နဗီးလ်က သုံးသပ်ခဲ့ပါတယ်။
”ဒါက ပင်နယ်တီ မဟုတ်ပါဘူး။ ပင်နယ်တီပြစ်ဒဏ်ဘော မဟုတ်ပေမယ့် ပေးခဲ့တယ်။ ပင်နယ်တီမဟုတ်တာ သေချာပါတယ်။ တီယာနေးက ကျော်လွန်သွားခဲ့ပြီးမှ ရီဆီဂျိမ်းစ်အပေါ် ခြေထောက်ပြန်ရောက်လာတာပါ။”