DVB Logo
Home
မြန်မာသတင်း
မြန်မာ့ရွှေဈေး မြင့်တက်
DVB
·
August 30, 2013
မြန်မာ့ရွှေဈေး မြင့်တက်
Donate to DVB

ဆီးရီးယားအရေးကြောင့် ကမ္ဘာ့ရွှေဈေးကွက် မြင့်တက်လာမှုနဲ့အတူ မြန်မာ့ရွှေဈေးကွက်လည်း အခုတပတ်အတွင်း မြင့်တက်နေပါတယ်။

ဆီးရီးယားနိုင်ငံက ဓာတုလက်နက်နဲ့ ပစ်ခတ်မှုကြောင့် လူ ၁၀၀၀ ကျာ် သေခဲ့ရပြီးတဲ့နောက် အမေရိကန်နဲ့ ဗြိတိန်တို့က ဆီးရီးယားကိစ္စကို စစ်ရေးအရစွက်ဖက်ဖို့ ပြင်ဆင်မှုလုပ်လာပြီး အရှေ့အလယ်ပိုင်းဒေသ မတည်မငြိမ် ဖြစ်လာတာနဲ့အတူ ကမ္ဘာ့ရွှေဈေးထိုးတက်လာတာ ဖြစ်ပါတယ်။

ကမ္ဘာ့ရွှေဈေးမြင့်တက်လာမှုကြောင့် ပြည်တွင်း ရွှေဈေးကွက်က ဒီရက်ပိုင်းအတွင်း ကျပ် ၇၂၀,၀၀၀ ကျော်အထိ တက်လာပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က “ပြီးခဲ့တဲ့ အပတ်က ကမ္ဘာ့ရွှေဈေးကွက်မှာ ဈေးနှုန်းတွေ တက်လာပြီးတော့ ပြည်တွင်း ရွှေဈေးကွက်လည်း လိုက်ပါ မြင့်တက်လာတာပေါ့။ ကမ္ဘာ့ရွှေဈေးမြင့်တက်ရတဲ့အကြောင်းရင်းက ဆီးရီးယား ပြည်တွင်းစစ်ကြောင့်ပေါ့။ ရွှေဈေးတက်သွားလို့ ကြားထဲက ဘာမှ ရိုက်ခတ်မှုတော့ မရှိပါဘူး” လို့ ပြောပါတယ်။

မနေ့ကအထိ ပြည်တွင်းရွှေဈေးက ၁ ကျပ်သားကို ကျပ် ၇၂၆,၀၀၀ ရှိပြီးတော့ ဒီနေ့ရွှေဈေးက ၇၂၄,၅၀၀ ပါ။

အခုလို ပြည်တွင်း ရွှေဈေးမြင့်တက်တာကြောင့် ဈေးကွက်ရဲ့ ဝယ်လိုအား ရောင်းလိုအား အခြေအနေနဲ့ပတ်သက်ပြီး တိတ်စိန်ရွှေဆိုင်တာဝန်ရှိသူ ဦးဇော်အောင်က အခုလို ပြောပါတယ်။

“အမေရိကန်-ဆီးရီးယားကိစ္စကြောင့် ရွှေဈေး ၇၂၀၀၀၀ ဖြစ်သွားတာ တပတ်လောက်ရှိသွားပြီ။ အခုရက်ပိုင်း အတက်အကျ အရမ်းများတော့ အရောင်းအ၀ယ်တွေလည်း ပိုသွက်တာပေါ့။”

မြန်မာနိုင်ငံရဲ့ ရွှေဈေးကွက်က အခုနှစ် ဧပြီလတုန်းကတကြိမ် ၇၆၀၀၀၀ အထိ အမြင့်ဆုံးဖြစ်ခဲ့ပြီး အဲ့ဒီအချိန်တုန်းကလည်း ကမ္ဘာ့ဒေါ်လာဈေး မြင့်တက်မှုအရှိန်ကြောင့် ဖြစ်ခဲ့ရတာပါ။

အရှေ့အလယ်ပိုင်း ဒေသ မတည်မငြိမ်ဖြစ်မှုနဲ့အတူ နိုင်ငံတကာမှာ လောင်စာဆီဈေး တက်စပြုနေပေမယ့် မြန်မာနိုင်ငံတွင်းက လောင်စာဆီဈေးကွက်ကိုတော့ သိသိသာသာ ရိုက်ခတ်ခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013