ပြည်သူ ၁၆ သန်းကို ကိုဗစ်ကာကွယ်ဆေးထိုးပေးရန် ဖိုင်ဇာ၊ ဂျက်ဆန်တို့နှင့် တောင်ကိုရီးယား လက်မှတ်ရေးထိုး

443
တောင်ကိုရီးယားပြည်သူ ၁၆ သန်းကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးဖို့ ဖိုင်ဇာနဲ့ ဂျွန်ဆင်အင်န်ဂျွန်ဆင်ရဲ့ လက်ခွဲ ဂျက်ဆန်ကုမ္ပဏီတို့နဲ့ တောင်ကိုရီးယားဟာ လက်မှတ်ရေးထိုးထားတယ်လို့ ကိုရိးယားရောဂါ ထိန်းချုပ်ရေးနဲ့ ကြိုတင်ကာကွယ်ရေး အေဂျင်စီ (KDCA) က ဒီဇင်ဘာ ၂၄ ရက်မှာ ပြောပါတယ်။
ဒါ့အပြင် တောင်ကိုရီးယားဟာ မိုဒါနာကုမ္ပဏီနဲ့ ဆွေးနွေးညှိနှိုင်းနေတယ်လို့လည်း သိရပါတယ်။
ဒီဇင်ဘာ ၂၃ ရက်က တောင်ကိုရီးယားမှာ နေ့စဉ် ကိုဗစ်ကူးစက်မှု ဒုတိယအမြင့်ဆုံး ရောက်ခဲ့တာကြောင့် ကိုဗစ်ကာကွယ်ဆေး ဝယ်ယူရေး အစီအစဉ်နဲ့ပတ်သက်လို့ အစိုးရဟာ ပြည်သူတွေရဲ့ ဖိအားပေးမှုကို ရင်ဆိုင်ခဲ့ရပါတယ်။
ဖိုင်ဇာနဲ့ ဂျက်ဆန် သဘောတူညီချက်တွေဟာ ကိုဗစ်ကာကွယ်ဆေးကုမ္ပဏီ ၄ ခုနဲ့ ကမ္ဘာလုံးဆိုင်ရာ COVAX အစီအစဉ်ကနေ ကာကွယ်ဆေး အလုံအလောက်ဝယ်ရေး တောင်ကိုရီးယား အစိုးရရဲ့ အစီအစဉ် တစိတ်တဒေသ ဖြစ်ပါတယ်။
အဲဒီအစီအစဉ်က ၅၂ သန်းရှိတဲ့ တောင်ကိုရီးယား လူဦးရေရဲ့ ၈၅ ရာခိုင်နှုန်းထက်မနည်းကို ကာကွယ်ဆေးထိုးခွင့် ရစေမယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။