Home
သတင်းဓာတ်ပုံ
ကျောက်တော် မဟာမုနိစခန်းက စစ်ဘေးရှောင်များအတွက် အကူအညီလိုအပ်နေ (ဓာတ်ပုံ)
DVB
·
December 26, 2020
IMG_0497
IMG_0502
IMG_0509
IMG_0513
IMG_0516
IMG_0518
IMG_0544
IMG_0547
IMG_0587
IMG_0589
IMG_0612
IMG_0620
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မဟာမြတ်မုနိဘုရားအနီးရှိ မဟာမုနိစစ်ဘေးရှောင်စခန်းရှိ စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် နေအိမ်နဲ့ အိမ်သာတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ စခန်းတာဝန်ခံက “ဒီစခန်းက သိပ်လည်းမကြာသေးတော့ စစ်ဘေးရှောင်တွေအကုန်လုံးကို နေရာချထားပေးဖို့ နေအိမ်တွေ လိုအပ်နေပါသေးတယ်။ လူကလည်း တအားများတော့ အိမ်သာကလည်း လိုအပ်နေပါတယ်”လို့ ရှင်းပြပါတယ်။ ဒီစစ်ဘေးရှောင်စခန်းမှာ အလယ်ကျွန်း၊ ကျောက်ဂူစု၊ ရွှေပြည်၊ မာလာ၊ နာဂရာ၊ သာစည်၊ မျောက်တောင် စတဲ့ကျေးရွာတွေက စစ်ဘေးရှောင်အိမ်ထောင်စု ၄၇၀၊ လူဦးရေ စုစုပေါင်း ၂၀၁၅ ဦး ခိုလှုံနေကြတာဖြစ်ပါတယ်။‌ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက “ဒီရာသီက ဒီဘက်မှာ တအားအေးပါတယ်။ ကလေးအများစုက အနွေးထည်တွေ မရှိကြသေးပါဘူး။ ဟိုနေ့ကတော့ လူကြီး ၂ ယောက်အတွက် တစ်ယောက်တစ်ထည်စီ လာပေးပါတယ်။ ကလေးတွေအတွက်တော့ မပါလာပါဘူး။ ကလေးတွေအတွက် အနွေးထည်တွေ လိုအပ်နေပါတယ်” လို့ ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင် ၂ သိန်းနီးပါးရှိနေပြီး ကလေးငယ်အများအပြား ပါဝင်ကာ အများစုမှာ ဆောင်းရာသီအတွက် အနွေးထည်တွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်စခန်းတွေက ဆိုပါတယ်။ Photo - Kaung Mrat Naing / MPA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024