DVB Logo
Home
မြန်မာသတင်း
မြောက်ကိုရီးယားနှင့် စစ်ရေး ဖြတ်တောက်ရန် မြန်မာကို အမေရိကန် တိုက်တွန်း
DVB
·
August 30, 2013
မြောက်ကိုရီးယားနှင့် စစ်ရေး ဖြတ်တောက်ရန် မြန်မာကို အမေရိကန် တိုက်တွန်း
Donate to DVB

မြောက်ကိုရီးယားနဲ့ စစ်ရေးအဆက်အသွယ်ဖြတ်တောက်ဖို့ မြန်မာကို အမေရိကန် ကာကွယ်ရေးဝန်ကြီးက တိုက်တွန်းလိုက်ပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီးချုပ် ဟေဂဲလ်နဲ့ မြန်မာကာကွယ်ရေး ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်တို့ဟာ ဘရှုးနိုင်ငံမှာ တွေ့ဆုံစဉ် တိုက်တွန်းလိုက်တာဖြစ်ပါတယ်။ ဒါဟာ နှစ်ပေါင်း ၂၀ လောက်အတွင်း နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ ထိပ်ပိုင်းခေါင်းဆောင်ချင်း ပထမဆုံးအကြိမ် ပြန်တွေ့ကြတာလို့ သတင်းတွေက ဖော်ပြပါတယ်။

[caption id="attachment_43103" align="alignright" width="300" caption="ဒဲရစ်မစ်ခ်ျယ်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံစဉ် (ဓာတ်ပုံ - မြန်မာ့အလင်း)"][/caption]

ဘရူနိုင်းနိုင်ငံ ဘန်ဒါ ဆရီ ဘဂါဝမ်မြို့တော် မှာ ကျင်းပနေတဲ့ အရှေ့တောင် အာရှနိုင်ငံများ ကာကွယ်ရေးဝန်ကြီးဌာတွေနဲ့ ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ရုရှားနဲ့ အမေရိကန် ကာကွယ်ရေး ၀န်ကြီးတွေရဲ့တွေ့ဆုံပွဲမှာ သီးသန့်တွေ့ဆုံခဲ့တာလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

တွေ့ဆုံရာမှာ ပြုပြင်ပြောင်းလဲရေးတွေ တိုးတက်အောင် ဆက်လုပ်ဖို့နဲ့ မြန်မာ-မြောက်ကိုးရီးယား စစ်ရေးဆက်ဆံရေး ဖြတ်တောက်ဖို့ စတာတွေကို ဟေဂဲလ်က ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရရဲ့ ဒီမိုကရေစီရေး အပြောင်းအလဲမှာ စစ်တပ်ရဲ့ ထောက်ခံချက်ကို ဟေဂဲလ်က ချီးကျူးလိုက်ပြီးတော့ ဒီပြုပြင်ပြောင်းလဲရေးတွေ အားကောင်းရေး အတွက်လည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ၂၀၁၄ ခုနှစ်မှာ မြန်မာက အာဆီယံ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူတာကို ထောက်ခံကြောင်း နဲ့ အာဆီယံ ကာကွယ်ရေး ၀န်ကြီးများ အစည်းအဝေး  ကျင်းပဖို့ ကြိုးစားမှုကိုလည်း ထောက်ခံကြောင်း ဟေဂဲလ်က ပြောပါတယ်။

အမေရိကန်-မြန်မာ ကာကွယ်ရေး ၀န်ကြီး ၂ ဦး တွေ့ဆုံခဲ့ပြီးနောက် ဩဂုတ် ၂၉ ရက်နေ့မှာပဲ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ဒဲရစ်မစ်ခ်ျယ်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

၂ နိုင်ငံ စစ်တပ်တွေအကြား ဆက်ဆံရေး တိုးမြင့်ရေး ကိစ္စတွေ၊ မြန်မာ့ဒီမိုကရေစီရေးမှာ တပ်မတော် ရဲ့ အရေးပါမှုတွေ၊ လွှတ်တော်တွင်းက တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးမှုတွေ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိစ္စတွေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဩဂုတ်လ ၂၈-၂၉ ရက်နေ့တွေတုန်းကလည်း အမေရိကန် ကာကွယ်ရေးဌာန အပြည်ပြည်ဆိုင်ရာ ဥပဒေလေ့လာရေး အင်စတီကျူ (DIILS) နဲ့ မြန်မာ့ တပ်မတော်တို့ ပူးတွဲပြီး ဥပဒေရေးရာဆွေးနွေးပွဲ တခုကို  နေပြည်တော်မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

အမေရိကန်ရေတပ်က ရေတပ် ဗိုလ်မှူးကြီး ရောဘတ်တ် ဆန်းဒါးစ် (Robert Sanders) က ဦးဆောင်ပြီး စစ်ဘက်ရေးရာတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ ဥပဒေစံနှုန်းတွေ၊ လုပ်ထုံး လုပ်နည်းတွေကို ဆွေးနွေးခဲ့ကြပြီးတော့ မြန်မာစစ်ဘက်က အရာရှိ ၂၀ တက်ရောက်ခဲ့ပါတယ်။

ဆွေးနွေးပွဲအကြောင်းအရာတွေထဲမှာ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ နိုင်ငံ တကာဥပဒေ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေ၊ စေ့စပ်ညှိနှိုင်းမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ စစ်ဌာနချုပ်ရဲ့ တာဝန်ဝတ္တရား စတဲ့အကြောင်းအရာတွေ ပါဝင်ပါတယ်။

မြန်မာစစ်အုပ်စုက နိုင်ငံတွင်း ဒီမိုကရေစီတောင်းဆိုမှုကို အကြမ်းဖက်နှိမ်နင်းခဲ့တဲ့အတွက် ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနဲ့ နိုင်ငံတချို့က မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုလုပ်ခဲ့သလို မင်းဆိုးမင်းညစ်အုပ်ချုပ်တဲ့ တိုင်းပြည်တွေရဲ့ ရှေ့တန်းက နိုင်ငံများထဲမှာ စာရင်းသွင်း ပြောဆိုခဲ့တာပါ။

ဒီနောက် လက်ရှိသမ္မတ ဦးသိန်းစိန်တက်လာပြီးတဲ့နောက် ပြုပြင်ပြောင်းလဲရေးတွေကို အသိအမှတ်ပြုပြီ သံတမန်ရေး တိုးမြင့်ခဲ့ပြီးနောက် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေပါ စတင်လာပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် စစ်သံမှူးတွေ ခန့်အပ်ခဲ့သလို ဒေသတွင်း စစ်ရေး လေ့ကျင့်မှုဖြစ်တဲ့ ရွှေမြွေဟောက် စစ်ရေး လေ့ကျင်မှုမှာလည်း မြန်မာကို လေ့လာသူအဖြစ် အမေရိကန်က ပါဝင်ခွင့်ပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013