A d v e r t i s e m e n t With Us

မိုင်းလား အထူးဒေသ (၄) တွင်  Lock Down ချ၊ နေအိမ်အပြင်ထွက်သူများကို အရေးယူ

အထူးဒေသ (၄) မိုင်းလားဧရိယာတစ်ခုလုံး Lock Down ချထားပြီး  သတ်မှတ်ချက် မလိုက်နာဘဲ နေအိမ်အပြင်ထွက်ပါက ဒဏ်ငွေရိုက် ပြစ်ဒဏ်ချမှတ်မယ်လို့ သိရပါတယ်။ မိုင်းလားမြို့နေထိုင်သူတစ်ဦးက “အိမ်ထဲက အပြင်ထွက်ခွင့်ကို လုံးဝမပေးပါဘူး။ အခုလို Stay At Home မကြေညာခင် ၃ ရက်လောက်ကတည်းက လိုအပ်တဲ့ စားသောက်ကုန်တွေ ဝယ်ထားဖို့ သတိပေးပြီးသားပါ။ တချို့ တရုတ်နိုင်ငံသားတွေက ခိုးပြန်ဖို့လုပ်တာတွေရှိတယ်။ ဂိတ်တွေတော့ လုံးဝပိတ်ထားတယ်။ အပြင်ထွက်တာတွေ့ရင်၊ Mask မတပ်ရင် ယွမ် ၅၀၀ ဒဏ်ငွေရိုက်တယ်လို့ သိရပါတယ်” လို့ပြောပါတယ်။ အထူးဒေသ (၄) မိုင်းလားမြို့နဲ့ တရုတ်နိုင်ငံ တာလော့မြို့ ဆက်သွယ်ထားတဲ့ ဝင်/ထွက်ပေါက်ကိုလည်း ပိတ်ထားပြီး ခိုးထွက်နိုင်တဲ့ လမ်းတွေပါ အစောင့်အကြပ်နဲ့ ပိတ်ထားတယ်လို့ သိရပါတယ်။  Stay At Home သတ်မှတ်ထားတဲ့ ကာလမှာ ၅ ရက်ခန့် ကြာမြင့်နိုင်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။  မြို့တွင်း လမ်းမတွေပေါ်မှာတော့ မြို့လုံခြုံရေးအစောင့်တွေအနေနဲ့ PPE ဝတ်စုံ ဝတ်ဆင်ထားပြီး နေအိမ်အပြင်ထွက်ပြီး သွားလာမှုမရှိအောင် စောင့်ကြပ်နေတာတွေလည်းရှိပြီး မိုင်းလားဧရိယာအတွင်း ကူးစက်မှုအခြေအနေကိုတော့ ထုတ်ပြန်ထားတာမရှိပါဘူး။  အထူးဒေသ (၄) မိုင်းလားဧရိယာ တစ်ခုလုံး Lock Down ချထားပြီး ပြည်သူအားလုံးကိုလည်း PCR စနစ်နဲ့ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးပေးနေပါတယ်။ အထူးဒေသ (၄) နဲ့ ထိစပ်နေတဲ့ အထူးဒေသ (၂) UWSA မြောက်ပိုင်းဧရိယာအတွင်း မိုင်းပေါက်မြို့မှာ ရောဂါပိုးတွေ့ရှိသူ ၁၈ ဦးနဲ့ ပန်ဆန်းမြို့မှာ ၉ ဦး စုစုပေါင်း ၂၇ ဦး တွေ့ရှိထားတယ်လို့ သိရပါတယ်။  သတင်း - ကိုဇက်

A d v e r t i s e m e n t With Us

More News
Up