စမွတ်စာခွန်ထုတ်ကုန်များ ရောင်းအားကျ၊ မြန်မာအပါ အလုပ်သမားသောင်းချီ အလုပ်လက်မဲ့ဖြစ်

စမွတ်စာခွန်ပင်လယ်စာအရောင်းဆိုင် photo- tiewpakklang.com
မြန်မာလုပ်သားတွေ အမြောက်အမြားလုပ်ကိုင်နေတဲ့ စမွတ်စာခွန်ခရိုင်ထဲမှာ ကိုဗစ်-၁၉ ကူးစက်မှုဖြစ်ပြီး မြို့နယ်ကို လော့ဒေါင်းချထားတာကြောင့် သောင်းနဲ့ချီတဲ့ အလုပ်သမား အလုပ်လက်မဲ့ဖြစ်နေသလို ဒေသထုတ်ကုန်ရောင်းအားတွေလည်း ကျဆင်းနေပါတယ်။  စမွတ်စာခွန်က ထွက်တဲ့ကုန်စဉ်တွေဆိုရင် တခြားခရိုင်ကနေ မှာယူတင်သွင်းတာမရှိ တော့သလို ရောင်းလို့လည်း မရတော့တဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲ ဆိုပြီး ဒီကနေ့မနက် ထိုင်းနိုင်ငံ ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းပွဲမှာ ခရိုင်လုပ်ငန်းရှင်တွေက မေးမြန်းခဲ့ပါတယ်။  ဒီကိစ္စနဲ့ပတ်သက်ပြီး  CCSA  (Center for Covid 19 Situation) ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဝီဆနုယိုးထင်းက  “ကိုဗစ်-၁၉ ဂယက်ထပြီး ထုတ်ကုန်တွေ အထူးသဖြင့် ပင်လယ်စာတွေပေါ်ရွံရှာမှုဖြစ်တာဟာ လွန်ကဲတယ်လို့ ပြောချင်ကြောင်း၊ အမှန်က ကိုဗစ်-၁၉ ရောဂါပိုးဟာ အသက်ရှူလမ်းကြောင်းမှာသာ ကူးစက်တာဖြစ်ပြီး ဝမ်းရောဂါလို အစာလမ်းကြောင်းကနေ ကူးစက်တာမဟုတ်လို့ အစားအစာတွေကို သန့်ရှင်းစွာ စီမံချက်ပြုတ်ပါက နဂိုအတိုင်းပုံ မှန်စားသုံးလို့ ရတယ်” လို့ ပြောပါတယ်။  ဒါကြောင့် စမွတ်စာခွန်က ထွက်ကုန်တွေကို အရင်လို စိတ်ချယုံကြည်စွာ ဝယ်ယူအား ပေးစေလိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါပိုးဟာ နေရာတိုင်းမှာမရှိကြောင်း၊  ပုစွန်၊ ငါး စတဲ့ အစား အစာတွေဟာ ပြင်ဆင်ချိန်မှာရော၊ ချက်ပြုတ်ချိန်မှာပါ သန့်ရှင်းစွာစီမံပါက ဘေးကင်းစွာစားသုံး နိုင်တယ်၊ အချင်းချင်း အားပေးကူညီကြဖို့နဲ့ စားသုံးသူတွေရဲ့ စိတ်ချယုံကြည်မှုကို ပိုရရှိစေဖို့ စီးပွးရေး နဲ့ ဘဏာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေလည်း ဒေသထဲ ကွင်းဆင်းပြီး ထွက်ကုန်တွေ ကို စစ်ဆေးပေးမယ်လို့ ဒေါက်တာထဝီးဆင်က ပြောသွားပါတယ်။ ကိုဗစ်-၁၉ ကူးစက်သူတွေ့တဲ့ တလတ်ကန်ကုန့် (ပုစွန်ဗဟိုဈေး) ကြီးဟာ ပင်လယ်စာ တွေကို အဓိကရောင်းဝယ်တဲ့ ဇုန်ကြီးတစ်ခုဖြစ်ပါတယ်။ တံငါသည်တွေဟာ ရလာတဲ့ ငါးပုစွန်တွေကို အဲဒီဈေးထဲလာသွင်းကြပြီး အဲဒီကနေ ခရိုင်အသီးသီးရှိ ကုန်သည်တွေဆီ ဆက်လက်ဖြန့်ဖြူးရောင်းချပေးနေတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up