DVB Logo
Home
မြန်မာသတင်း
မြေမြှုပ်မိုင်းဥပဒေ ကြန့်ကြာ၊ မိုင်းစက်ကွင်းနေ ဒေသခံများအတွက် စိုးရိမ်
DVB
·
August 29, 2013
Donate to DVB

လွှတ်တော်က ပြဋ္ဌာန်းမယ့် မြေမြှုပ်မိုင်းဆိုင်ရာ ဥပဒေ ကြန့်ကြာမယ်ဆိုရင် မြေမြှုပ်မိုင်းစက်ကွင်းနဲ့ မလွတ်တဲ့ ကယားပြည်နယ် မော်ချီးနဲ့ ရှားတောမြို့နယ်ထဲမှာ  လုပ်ကိုင်စားသောက် နေတဲ့ ဒေသခံတွေနဲ့ ကျွဲနွားတိရစ္ဆာန်တွေအတွက် စိုးရိမ်တယ်လို့ ကေအန်ပီပီက ပြောပါတယ်။

ကယားပြည်နယ်ထဲ မြေမြှုပ်မိုင်းရှင်းလင်းရေး ဆောင်ရွက်ဖို့အတွက် လွှတ်တော်က ရေးဆွဲပြဋ္ဌာန်းမယ့် မြေမြှုပ်မိုင်းဆိုင်ရာ ဥပဒေကို သမ္မတ လက်မှတ်ရေးထိုး အတည်ပြုဖို့ ကျန်ရှိတာ ဖြစ်ပါတယ်။

မြေမြှုပ်မိုင်းတွေ ရှင်းလင်းဖို့ အစိုးရနဲ့ ကေအန်ပီပီ သဘောတူခဲ့ပေမယ့် လွှတ်တော်က ပြဋ္ဌာန်းမယ့် ဥပဒေထွက်လာပြီးမှ ဆောင်ရွက်နိုင်မယ်လို့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) က ပြောပါတယ်။

အစိုးရ နဲ့ ကေအန်ပီပီတို့ ပူးပေါင်းပြီး မြေမြှုပ်မိုင်းရှင်းလင်းဖို့ ပြီးခဲ့တဲ့ ဇွန်လက အစိုးရ ငြိမ်း ချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ သဘောတူလက်မှတ်ရေးထိုးထားတာဖြစ်ပြီး အခုချိန်ထိ မြေမြှုပ်မိုင်းဆိုင်ရာ ဥပဒေ မထွက်သေးဘူးလို့ ကေအန်ပီပီ ဒုဥက္ကဋ္ဌ - ခူဦးရယ်က ပြောပါတယ်။

“ကျနော်တို့ ဆောင်ရွက်ဖို့ ကိစ္စ တင်ပြတာပါပဲ။ ကျနော်တို့ အဆင့်ဆင့်သွားရမှာပဲ။ မြေမြှုပ်မိုင်း အန္တရာယ်ပညာပေးလုပ်ငန်းတွေ လုပ်မယ်၊ လူထုပူးပေါင်းဆောင်ရွက်မှုတွေလည်း လိုအပ်မယ်၊ နှစ်ဖက်တပ်ဖွဲ့တွေ အတူတကွ ပူပေါင်းဆောင်ရွက်ပြီးတော့ မြေမြှုပ်မိုင်း လုပ်ငန်းတွေကိုလည်း ရှင်းလင်းဆောင်ရွက်ရမယ်။ နောက် အပြည်ပြည်ဆိုင်ရာ အကူအညီတွေလည်း ကျနော်တို့ ရယူရမယ်။ ဥပမာ နည်းပညာပိုင်းနဲ့ ပတ်သက်တာရယ်၊ နောက်ဒီ မြေမြှုပ်မိုင်းရှင်းလင်းဖို့အတွက် လိုအပ်မယ့် စက်ယန္တရားတွေ၊ ကျနော်တို့ကတော့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ဖြစ်ပါတယ်။ လေး၊ ငါးဖွဲ့လောက် ကျနော်တို့ကို ကမ်းလှမ်းထားတာ ရှိပါတယ်။ အခုအချိန်အခါမှာ မြေမြှုပ်မိုင်းဆိုင်ရာ ဥပဒေ ထွက်ပြီလား မထွက်သေးဘူးလားဆိုတာ ကျနော်လည်း မသိသေးဘူး။ သူတို့ပြောတဲ့အတိုင်း စောင့်ရမယ်ဆိုရင်တော့ စောင့်ရမယ်ဆိုတဲ့ သဘောပေါ့။ ကျနော်တို့ သဘောတူညီချက်အရဆိုရင်တော့ အဲဒီအတိုင်းပါပဲ။ တရားဝင်ဆောင်ရွက်ဖို့တော့ ဘာမှ မရှိဘူးပေါ့။”

ကယားပြည်နယ်အတွင်းရှိ ဒေသခံတွေ မြေမြှုပ်မိုင်းဘေးအန္တရာယ်က ကင်းဝေးဖို့ မြေကြီးထဲက မိုင်းတွေ ရှင်းလင်းရုံနဲ့ မပြီးဘဲ ပညာပေးလုပ်ငန်းတွေပါ ဆောင်ရွက်ဖို့လိုကြောင်း  ခူဦးရယ်က ပြောပါတယ်။

မြေမြှုပ်မိုင်းတွေ ဘယ်နေရာမှာ ဘယ်လောက်ရှိမလဲဆိုတာ မသိနိုင်ပေမယ့် အရင် ရွာ သားတွေ တွေ့ကြုံချက်အရ  လောပိတ ရောအားလျှပ်စစ်စက်ရုံ ဧရိယာ၊ နေပြည်တော်ကို သွယ်တန်းတဲ့ လျှပ်စစ်မီးတိုင်အောက်နဲ့ အနက်ရောင်နယ်မြေအဖြစ် သတ်မှတ်ထားတဲ့ မော်ချီး နဲ့ ရှားတောမြို့နယ်ထဲမှာရော၊ ထိုင်းနယ်စပ်ဒေသတွေမှာပါ တွေ့ရတယ်လို့ ဆိုပါတယ်။

အဲဒီမိုင်းတွေဟာ အစိုးရတပ်ရော၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပါ မြှုပ်နှံထား တာဖြစ်ပြီး သူတို့တပ်ဖွဲ့ကတော့ မဆိုစလောက် အနည်းအကျဉ်းသာရှိကြောင်း၊  ရွာသားတွေ သွားနေကျနေရာနဲ့ ကင်းလွတ်တဲ့ နေရာသာဖြစ်ကြောင်း၊ သတိပေးချက်တွေလည်း ရှိတယ်လို့ ခူဦးရယ်က ပြောပါတယ်။

နယ်စပ်က စစ်ဘေးရှောင်သူတွေ ပြန်လည်အခြေချရေးမှာ  မြေမြှုပ်မိုင်းပြဿနာအပြင်   နိုင်ငံ ရေးပြဿနာ နဲ့ ပြည်သူတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ပြေလည်ဖို့ လို အပ်နေ သေးတယ်လို့ သူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013