A d v e r t i s e m e n t With Us

ဧရာဝတီတိုင်းအစိုးရကို ဧရာဝတီဖောင်ဒေးရှင်းက သိန်း ၃၅၀၀ တန်ဖိုးရှိ ကျန်းမာရေးသုံးပစ္စည်းများ လှူဒါန်း

ဓာတ်ပုံ - ဝေဇင်
ဧရာဝတီတိုင်းအတွင်းက ဆေးရုံတွေမှာ အသုံးပြုဖို့အတွက် ဧရာဝတီဖောင်ဒေးရှင်းက တိုင်းအစိုးရကို ဒီဇင်ဘာလ ၂၄ ရက်နေ့က ငွေကျပ် သိန်း ၃၅၀၀ တန်ဖိုးရှိတဲ့ ကျန်းမာရေး အထောက်အကူပြုပစ္စည်းတွေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ သိန်း ၃၅၀၀ တန်ဖိုးရှိတဲ့ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းတွေကို တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ဧရာဝတီဖောင်ဒေးရှင်းက တာဝန်ရှိသူတွေ လာရောက်လှူဒါန်းခဲ့တာလို့ တိုင်းအစိုးရအဖွဲ့က သိရပါတယ်။ ဧရာဝတီဖောင်ဒေးရှင်းက လာရောက်လှူဒါန်းတဲ့ သိန်း ၃၅၀၀ တန်ဖိုးရှိ ကျန်းမာရေးအထောက်အကူပြုပစ္စည်းတွေထဲမှာ အောက်ဆီဂျင်စက် ၁ လုံး၊ PAPR ၃၅ စုံ၊ HFNC စက် ၁၀ လုံး၊ Patient Monltor+Bed+ Table+ Cabinet ၃၅ စုံ၊ ECG ၁၆ လုံး၊ Syringe Pump အလုံး ၄၀၊ Surgical Mask ၁၂၀,၀၀၀ တို့ပါဝင်ပြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်က လက်ခံခဲ့တယ်လို့ သိရပါတယ်။ တိုင်းအစိုးရအဖွဲ့ကို လှူဒါန်းခဲ့သလို တိုင်းအတွင်းက မြို့နယ်တွေကိုလည်း ဧရာဝတီဖောင်ဒေးရှင်းက သွားရောက်ပြီး ကျန်းမာရေးအထောက်အကူပြုပစ္စည်းတွေ လှူဒါန်းတာတွေ ပြုလုပ်ခဲ့ပါတယ်။ ဧရာဝတီဖောင်ဒေးရှင်းက ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့ကလည်း ဧရာဝတီတိုင်းအစိုးရအဖွဲ့ကို ဆန်အိတ် ၂၀၀၀ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ မင်းထက်မုန်း(ပုသိမ်)

A d v e r t i s e m e n t With Us

More News
Up