DVB Logo
Home
မြန်မာသတင်း
ကျေးလက်တွင် မိုဘိုင်းဖုန်းဘဏ်စနစ် ၀န်ဆောင်မှုပေးရန် စီစဉ်
DVB
·
August 29, 2013
ကျေးလက်တွင် မိုဘိုင်းဖုန်းဘဏ်စနစ် ၀န်ဆောင်မှုပေးရန် စီစဉ်
Donate to DVB

ဘဏ်ခွဲမရှိတဲ့ ဝေးလံတဲ့ဒေသတွေမှာ ဘဏ်ရဲ့အခြေခံဝန်ဆောင်မှုတွေကို ပေးနိုင်ဖို့ ပုဂ္ဂလိကဘဏ် လေးခုတို့က မိုးဘိုင်းဖုန်း ဘဏ်စနစ် (mobile banking) လုပ်ဆောင်သွားဖို့ ရှိပါတယ်။

ပုဂ္ဂလိကဘဏ်လေးခုဖြစ်တဲ့ CB ဘဏ်၊ ကမ္ဘောဇဘဏ်၊ AGD ဘဏ်နဲ့ မြ၀တီ ဘဏ်တွေက ကျေးလက်ဒေသအထိ ဘဏ်လုပ်ငန်ပိုင်းဆိုင်ရာ ၀န်ဆောင်မှုကို ပေးနိုင်ဖို့  မိုးဘိုင်းဖုန်း ဘဏ်စနစ်ကို ဖော်ဆောင်သွားဖို့ ရှိပါတယ်။

ဒီအတွက်လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ခွင့်ပြချက်ကို ရရှိဖို့အတွက် လက်တွေ့သရုပ်ပြ လုပ်ဆောင်ချက်တွေနဲ့ အစီရင်ခံတင်ပြသွားရမှာဖြစ်ပါတယ်။

လက်တွေ့သရုပ်ပြ လုပ်ဆောင်ချက်အပေါ် မူတည်ပြီးတော့ ဗဟိုဘဏ်က လုပ်ပိုင် ခွင့်ကို အဆုံးအဖြတ်ပေးသွားမယ်လို့ CB ဘဏ်ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးဖေမြင့်က ဒီဗွီဘီကို ပြောပါတယ်။

ပြည်တွင်းမှာပုဂ္ဂလိက ဘဏ်အရေအတွက်က ၁၉ ခုရှိတဲ့အနက် လတ်တလောမှာတော့ ဒီဘဏ်လေးခုက  မိုးဘိုင်းဖုန်း ဘဏ်စနစ်ကို စတင်ဖို့အတွက် စီစဉ်နေတာပါ။

မိုးဘိုင်းဖုန်း ဘဏ်စနစ်က ဘယ်လိုဝန်ဆောင်မှု ပေးနိုင်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး သူက အခုလိုပြောပါတယ်။

“Mobile banking က တယောက်နဲ့တယောက် ငွေလွှဲတဲ့နေရာမှာ ကိုယ်စားလှယ်က ကြားခံအနေနဲ့ ငွေလက်ခံမယ့်သူကို ဖုန်းနဲ့ဆက်ပြီးတော့ အကြောင်းကြားပေးမှာဖြစ်တယ်။ ဒီတော့ ငွေလက်ခံမယ့်သူက ကိုယ်စားလှယ်ဆီမှာ သွားထုတ်ရုံပဲ။ ဘဏ်ဆီသွားပြီးတော့ ထုတ်စရာမလိုတော့ဘူး။ ဒါကိုလည်း ဘဏ်ကနေ ကိုယ်စားလှယ်ဆီဖုန်းနဲ့ လှမ်းအကြောင်းကြားပေးမှာဖြစ်တယ်။ ဒါကြောင့် ငွေသွင်းတာတို့၊ ငွေလွှဲတာတို့ကို ကိုယ်စားလှယ်ဆီကနေတဆင့် လုပ်ဆောင်နိုင်မှာဖြစ်တယ်။ ဒါကကျေးရွာတွေမှာ သုံးလို့ ကောင်းတဲ့စနစ်ပါ။"

မိုးဘိုင်းဖုန်း ဘဏ်စနစ်ကြောင့် ဘဏ်တွေအနေနဲ့ တခြားဒေသတွေမှာ ဘဏ်ခွဲဖွင့်လို့ ကုန်ကျမယ့်စရိတ်ကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဘဏ်ခွဲမဖွင့်နိုင်တဲ့ ကျေးရွာတွေမှာ ဘဏ်ရဲ့ ၀န်ဆောင်မှုတွေကို ကိုယ်စားလှယ်တွေကနေတဆင့် ရရှိမှာဖြစ်လို့ ဒါက အားသာချက်တွေပါလို့ သူကဆိုပါတယ်။

ဒါကြောင့် ဒီစနစ်ကို လုပ်ဆောင်တဲ့နေရာမှာ ကိုယ်စားလှယ်ထားရှိဖို့ လိုတဲ့အပြင် ကိုယ်စားလှယ်အနေနဲ့လည်း ဘဏ်မှာ ငွေကြေးဆိုင်ရာ အာမခံထားရှိရမယ်လို့ သိရပါတယ်။

ဒီလိုလုပ်တာဟာ ကိုယ်စားလှယ်အနေနဲ့ ငွေကြေးဆိုင်ရာအလွဲသုံးစားမှု မပြုနိုင်ဖို့အတွက် ကာကွယ်တဲ့အနေနဲ့ လုပ်ဆောင်တာလို့ ဦးဖေမြင့်က ပြောပါတယ်။

ဒီအတွက် ၀န်ဆောင်မှုအပေါ် ရရှိလာတဲ့အကျိုးအမြတ်ကိုတော့ ဘဏ်နဲ့ကိုယ်စားလှယ်တို့က  ခွဲဝေခံစားခွင့်ရရှိမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်းဆိုင်ရာ ၀န်ဆောင်မှုတွေက နိုင်ငံတကာနဲ့ယှဉ်ရင် နှစ်ပေါင်း ၅၀ ကျော် နောက်ကျကျန်ရစ်ခဲ့တာဖြစ်လို့ နောက်ထပ် အနှစ် ၂၀ လောက် အချိန်ထပ်မံယူရဦးမယ်လို့ ဦးဖေမြင့်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013