DVB Logo
Home
မြန်မာသတင်း
ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်စခန်းများကို ရိက္ခာလျှော့မည်
DVB
·
August 28, 2013
Donate to DVB

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေကို ရိက္ခာတချို့ လျှော့မယ်လို့ ဒုက္ခသည်များကူညီရေးကော်မတီ (တီဘီဘီစီ) က အတည်ပြုပြောဆိုလိုက်ပါတယ်။
ထိုင်း-မြန်မာ နယ်စပ်က စခန်းတွေမှာ ဒုက္ခသည်ပေါင်း ၁ သိန်း ၃ သောင်းလောက်  ခိုလှုံနေတာဖြစ်ပြီး နေ့စဉ်စားသုံးနေတဲ့ ဆန်ကို လျှော့ပေးမှာဖြစ်ပါတယ်။

နိုင်ငံတကာရဲ့ အကူအညီလျော့နည်းတဲ့အတွက်  ဒီဇင်ဘာလကစလို့ ဆန်ရိက္ခာ စလျှော့ချမယ်လို့  ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်များ ကူညီရေးကော်မတီ (တီဘီဘီစီ) ရဲ့ လက်ထောက် ညွှန်ကြားရေးမှူး Sally Thompson က ပြောပါတယ်။

“လက်ရှိမှာတော့ ဒုက္ခသည်တွေက ဆန် ၁၂ ကီလိုရပါတယ်။ တချို့တွေက ဆက်ပြီးတော့ ၁၂ ကီလိုရမှာ ဖြစ်ပေမယ့် တချို့က ၁၀ ကီလိုရပါလိမ့်မယ်။ ဘယ်သူက အစားအသောက် အလိုအပ်ဆုံးလဲဆိုတာကို အသိုင်းအ၀န်းက ဆုံးဖြတ် လုပ်ဆောင်မှာ ဖြစ်ပါတယ်။ မိသားစုဝင်တိုင်းကို အခုလို ဆုံးဖြတ်သွားမှာလည်း ဖြစ်ပါတယ်။ တချို့က ဆန် ၈ ကီလိုရမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က သိပ်မလိုအပ်သလို  မိသားစုအတွက် လိုအပ်တဲ့ အစားအသောက်ကို ကိုယ်တိုင် ရှာဖွေနိုင်လို့  ဖြစ်ပါတယ်။ သူတို့က မှီခိုစရာမလိုသလို အစားအသောက်ရရှိဖို့ တခြားနည်းလမ်းတွေကို အသုံးပြုနိုင်လို့ပါ။”

အရွယ်ရောက်ပြီးသူတွေကိုပဲ ရိက္ခလျှော့မှာဖြစ်ပေမယ့် အသက် ၁၈ နှစ်အောက် ကလေးတွေရဲ့ ရိက္ခာကိုတော့ အရင်ဝေနေကျ နှုန်းထားအတိုင်း ပေးမှာလို့ ဆိုပါတယ်။

ဒီလို ရိက္ခာလျှော့တဲ့နေရာမှာ ဒုက္ခသည်စခန်းမှာ အမြဲနေထိုင်သူ၊ စခန်းမှာ မိမိကိုယ်မိမိ ရပ်တည်နိုင်တဲ့၊ လိုအပ်တဲ့သူတွေနဲ့၊ အလိုအပ်ဆုံးသူတွေဆိုပြီး  အဆင့်တွေ သတ်မှတ်ထားပါတယ်။

ဒီလိုအဆင့်တွေ သိနိုင်ဖို့ ကော်မတီဖွဲ့စည်းပြီး စာရင်းကောက်နေတယ်လို့ မယ်လဒုက္ခသည်စခန်း ဥက္ကဋ္ဌ ဆရာ အောနက်က ပြောပါတယ်။
အဆင့်သတ်မှတ်ရာမှာ ခက်ခဲသလို ရိက္ခလျှော့လိုက်တဲ့အတွက်လည်း ဒုက္ခသည်တွေအနေနဲ့ အခက်အခဲတွေ ရင်ဆိုင်ရနိုင်တယ်လို့ ပြောပါတယ်။

[caption id="attachment_11302" align="alignright" width="300" caption="မယ်လဒုက္ခသည်စခန်း​ (ဓာတ်ပုံ ရိုက်တာ)"][/caption]

“အဲဒါ ကျနော်တို့ အတွက်ကတော့ အခက်အခဲတွေ အများကြီး ကြုံတွေ့ရနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့တွေကတော့ အပြင်မှာ ထွက်လုပ်နေတဲ့ လူတွေ ရှိရင်ရှိသလို စခန်းထဲမှာလည်း အလုပ်တွေရှိပြီးသား လူတွေ သူတို့လစာတော့ နည်းနည်းပါးပါးပဲ ရတယ်လေ။ ဒါပေမယ့် အစားအစားတွေအတွက်တော့ သူတို့ အခက်အခဲတွေ ဖြစ်မယ်လို့ ကျနော်တို့ ခန့်မှန်ထားတယ်။”

ရိက္ခာလျှော့ချမယ်သတင်းကြောင့်လည်း ဒုက္ခသည်တွေစိုးရိမ်ပူပန်မှုနဲ့ ပတ်သက်လို့ Sally Thompsonက အစားအစာလုံလောက်အောင် ရည်ရွယ်လုပ်ဆောင်တာပါလို့ ဖြေကြားပါတယ်။

“ဒီအပြောင်းအလဲကို အားလုံး သေသေချာချာနားလည်အောင် သတင်းနဲ့ ဆက်သွယ်ရေးလှုပ်ရှားမှုကို စခန်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်သွားမှာပါ။ ကျမတို့ရဲ့ ရည်ရွယ်ချက်က တကယ်ကိုလိုအပ်ပြီး ထိခိုက်လွယ်မယ့်သူတွေအတွက် အစားစာ လုံလောက်အောင် ရရှိစေဖို့ဖြစ်ပါတယ်။ အလိုအပ်ဆုံးလူတွေကိုတော့ အစားအစာတွေ ဆက်ပေးသွားမှာ ဖြစ်ပါတယ်။”

အရင်က  ဒုက္ခသည်တဦးကို တလမှာ ဆန် ၁၅ ကီလိုပေးခဲ့ပေမယ့် ၂၀၁၃ ခု နှစ်ဆန်းပိုင်းကစပြီး  လူကြီးတဦး ဆန် ၁၂ ကီလိုနဲ့  ၅ နှစ်အောက် ကလေးတယောက်ကို ဆန် ၆ ကီလိုသာ ပေးခဲ့ပါတယ်။

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း ၉ ခုမှာ မြန်မာနိုင်ငံက စစ်ပြေးဒုက္ခသည်နဲ့ နိုင်ငံရေး ဒုက္ခသည်သိန်းချီ ခိုလှုံနေထိုင်ကြပါတယ်။

တီဘီဘီစီအဖွဲ့ဟာ နိုင်ငံ (၉) နိုင်ငံက နိုင်ငံတကာအစိုးရမဟုတ်တဲ့အဖွဲ့အစည်း ၁၁ ဖွဲ့နဲ့ စုဖွဲ့ထားတာဖြစ်ပြီး အစားအစာ၊ အမိုးအကာ နဲ့ တခြားပစ္စည်းအမယ်တွေကို မြန်မာပြည်က ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းပုန်းအောင်နေထိုင်သူတွေကို ဆယ်စုနှစ်နဲ့ချီ ထောက်ပံ့လာခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013