DVB Logo
Home
မြန်မာသတင်း
ကမ္ဘာတွင် ဆက်ရှိနေမည့် ကိုဗစ်နှင့်အတူယှဉ်တွဲနေထိုင်ပြီး ကာကွယ်ရေးစည်းကမ်း လိုက်နာရန် တိုက်တွန်း
DVB
·
December 23, 2020
ကမ္ဘာတွင် ဆက်ရှိနေမည့် ကိုဗစ်နှင့်အတူယှဉ်တွဲနေထိုင်ပြီး ကာကွယ်ရေးစည်းကမ်း လိုက်နာရန် တိုက်တွန်း
Donate to DVB

ကမ္ဘာပေါ်မှ ဆက်ရှိနေမယ့် ကိုဗစ်နဲ့အတူယှဉ်တွဲနေထိုင်ပြီး ကာကွယ်ရေးစည်းကမ်းတွေကို လိုက်နာသွားကြရမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ကိုဗစ်-၁၉ ဟာ အသက်ရှူလမ်းကြောင်းက ကူးတဲ့ရောဂါဖြစ်တာ၊ လက္ခဏာမပြဘဲ ကူးစက်ခံရသူတွေ ရှိနေတာနဲ့ ဗိုင်းရပ်စ်ရဲ့ ဗီဇပြောင်းလဲနေတာကြောင့် ရာသီတုပ်ကွေးဖြစ်သလို ဖြစ်တာ အနည်းအများပဲ ကွာပြီး ကမ္ဘာပေါ်မှာ နှစ်ပေါင်းများစွာ ကူးစက်နေတော့မယ်လို့ ဆိုပါတယ်။

ကာကွယ်ဆေးတွေ ထွက်ပေါ်လာပြီဖြစ်ပေမယ့် ထိုးနှံပြီးနောက်မှာ အချိန်ကာလ ဘယ်လောက်ထိ ကာကွယ်ပေးနိုင်မယ်ဆိုတာကို အခုအချိန်မှာ အတိအကျမပြောနိုင်သေးဘဲ ဆက်လက်လေ့လာရဦးမယ်လို့ ဆိုပါတယ်။

ကမ္ဘာပေါ်မှာ ဆက်ရှိနေဦးမှာဖြစ်တဲ့ ကိုဗစ်နဲ့အတူ ရှင်သန်နေထိုင်ရမှာဖြစ်လို့ စီးပွားရေး၊ ပညာရေး၊ လူမှုရေး စတဲ့ ကဏ္ဍအသီးသီးကို ပုံမှန်အတိုင်း ပြန်လုပ်နိုင်ဖို့ စဉ်းစားကြံဆကြိုးပမ်းကြရမှာဖြစ်ပြီး မဟုတ်ရင်တော့ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ အင်မတန်နှောင့်နှေးသွားမယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် ပြည်သူတွေအားလုံးအနေနဲ့ ကိုယ့်ရဲ့နေ့စဉ် လူမှုဘဝနဲ့ လုပ်ငန်းဆောင်တာတွေ လုပ်နေချိန်မှာ ပါးစပ်နဲ့ နှာခေါင်းစည်းကို စနစ်တကျတပ်ဖို့၊ တယောက်နဲ့တယောက် ခပ်ခွာခွာနေဖို့၊ လက်ကို ခဏခဏဆေးဖို့၊ တယောက်ကိုတယောက် အသိ သတိပေးဖို့ စတဲ့ ကိုဗစ်ကာကွယ်ရေး စည်းကမ်းတွေကို တိတိကျကျလိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013