သမ္မတ အမိန့်ပေးရင် ဆီးရီးယားကို တိုက်ခိုက်ရန် အဆင်သင့်ဟု အမေရိကန်ပြော

အေမရိကန် ကာကွယ်ေရး၀န်ြကီး ချပ်က် ေဟဂယ်လ်
ဓာတုလက်နက် သုံးစွဲတိုက်ခိုက်တဲ့ ဆီးရီးယားနိုင်ငံကို သမ္မတအိုဘားမားကသာ တိုက်ခိုက်ဖို့ အမိန့်ပေးလာရင် အမေရိကန်စစ်တပ်အနေနဲ့ တိုက်ခိုက်ဖို့ အသင့်ပဲလို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးက ဩဂုတ် ၂၇ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ [caption id="attachment_43035" align="alignright" width="300" caption="အမေရိကန် ကာကွယ်ရေးဝန်ကြီး ချပ်က် ဟေဂယ်လ်"][/caption] အနောက်နိုင်ငံတွေနဲ့ အာရပ်နိုင်ငံတွေက အရေးယူဆောင်ရွက်ဖို့ တောင်းဆိုနေစဉ်မှာ အမေရိကန်တပ်ဖွဲ့တွေအနေနဲ့ ဆီးရီးယားကို တိုက်ဖို့ အသင့်ရှိတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ချပ်က် ဟေဂယ်လ် (Chuck Hagel) က ဘရူနိုင်းနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးပွဲမှာ  ပြောလိုက်တာပါ။ အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေကလည်း အရေးယူဆောင်ရွက်ဖို့ အသင့်ပဲလို့ ဆိုပါတယ်။ ဆီးရီးယားအစိုးရကတော့ သူတို့ ဓာတုလက်နက်တွေ သုံးစွဲတယ်ဆိုတာကို အခိုင်အမာ ငြင်းဆိုထားပါတယ်။ အမေရိကန် ဒုသမ္မတ ဂျိုးဘိုင်ဒန်ကတော့ ဆီးရီးယားအစိုးရဟာ ပြီးခဲ့တဲ့သီတင်းပတ်က သူ့ရဲ့ပြည်သူတွေကို ဓာတုလက်နက် သုံးစွဲ တိုက်ခိုက်ခဲ့တယ်ဆိုတာ သံသယဖြစ်စရာ မရှိဘူးလို့ ဩဂုတ်လ ၂၇ ရက် အင်္ဂါနေ့မှာ ပြောကြားသွားပါတယ်။ ဒီလိုဓာတုလက်နက် သုံးစွဲတိုက်ခိုက်သူတွေကလည်း တာဝန်ခံမှု ရှိရမယ်လို့ သူနဲ့ သမ္မတ အိုဘားမားတို့က ယုံကြည်ကြတယ်လို့လည်း ဘိုင်ဒန်က တက္ကဆက်ပြည်နယ်၊ ဟူစတန်မှာ ကျင်းပတဲ့ အမေရိကန်စစ်တပ် အစည်းအဝေးမှာ ပြောသွားတာပါ။ ကုလသမဂ္ဂ လက်နက်ကျွမ်းကျင်သူတွေလည်း ပြီးခဲ့တဲ့အပတ်က ဒမတ်စကပ်စ်အနီး ဓာတုလက်နက် သုံးစွဲတိုက်ခိုက်တယ်ဆိုတဲ့နေရာကို ဒီနေ့ ပြန်သွားဖို့ စီစဉ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up