DVB Logo
Home
မြန်မာသတင်း
ကုလကိုယ်စားလှယ် ဗီဂျေနမ်ဘီးယား လိုင်ဇာကိုသွားရောက်
DVB
·
August 28, 2013
ကုလကိုယ်စားလှယ် ဗီဂျေနမ်ဘီးယား လိုင်ဇာကိုသွားရောက်
Donate to DVB

မြန်မာနိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂ အထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယားဟာ ကချင်ပြည်နယ်မြစ်ကြီးနားမြို့ကနေ တရုတ်-မြန်မာနယ်စပ် ကချင်လွတ်လပ်ရေး တပ်မတော် ဌာနချုပ် အနီး လိုင်ဇာကို ဒီနေ့ သွားရောက်ခဲ့ပါတယ်။

ဗီဂျေ နမ်ဘီးယားဟာ ပြည်ထောက်စုအစိုးရထံက ခွင့်ပြုချက်နဲ့ ဒီနေ့ မနက်က ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ (PCG) နဲ့ အတူ လိုင်ဇာကို သွားရောက်တယ်လို့ ကချင်ပြည်နယ် ​လူမှုရေးဝန်ကြီးဌာန ​၀န်ကြီး ​ဒေါ်ဘောက်ဂျာက ပြောပါတယ်။

“နေပြည်တော်ကနေ သူတို့ကို ခွင့်ပြုထားပါတယ်၊ ခွင့်ပြုထားတဲ့အတွက် ဒီမနက် ၇ နာရီမှာ PCG ရယ်၊ မစ္စ မာရီယမ် ရယ်၊ မစ္စတာ နမ်ဘီးယာရယ် လိုင်ဇာကို သွားပါတယ်။ ဒီညနေ ပြန်ရောက်မယ်။ မစ္စတာ နမ်ဘီးယာကတော့ ကျမတို့ ကချင်ပြည်နယ် အစိုးရရဲ့ ဧည့်သည်ဖြစ်တော့ ကြိုပါတယ်။ နောက် စခန်းတွေကိုသွားတာကတော့ ကျမတို့ အကုန်တာဝန်ယူပါတယ်ရှင့်။ စခန်းတွေ အကုန်သွားပြီး နောက်သူတို့ရဲ့ PCG ရယ် ကေအိုင်အေ အလုပ်အဖွဲ့တွေ တွေ့တဲ့အခါကျတော့ အထဲကို PCG နဲ့ မစ္စတာ နမ်ဘီးယာရယ်၊ မာရီယမ် ရယ် သူတို့ပဲ ၀င်ရတဲ့အတွက် ဆွေးနွေးတာတော့ ကျမတို့ မသိပါဘူး။”

မြစ်ကြီးနားမှာရှိစဉ်က ကချင်ပြည်နယ် အစိုးရကလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ မစ္စတာနမ်ဘီးယားဟာ ဩဂုတ် ၂၇ ရက်နေ့က ကချင်လွတ်လပ်ရေးတပ်မတော်  (ကေအိုင်အေ) အလုပ်အဖွဲ့တွေ၊ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့တွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ဆိုပါတယ်။

သူဟာ ပြီးခဲ့တဲ့အခေါက် မေလကုန်ပိုင်းက မြစ်ကြီးနားမှာ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ကိုယ်စားလှယ်အဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီအကြား ဆွေးနွေးပွဲကိုလည်း တက်ရောက်တာကြောင့် သူ့ရဲ့လိုင်ဇာခရီးစဉ်မှာ ကေအိုင်အိုခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖွယ်ရှိတယ်လို့ မျှော်လင့်ရပါတယ်။

အစိုးရဘက်က သမ္မတရုံးဝန်ကြီး ဦအောင်မင်းက ပြည်ထောင်စုအစိုးရအနေနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးနိုင်ဖို့ အတွက် ကေအိုင်အိုနဲ့ အပစ်အခတ်ရပ်စဲရေးထိုးဖို့ ရှိပြီး ချောချောမွေ့မွေ့ဖြစ်ရင် လာမယ့် အောက်တိုဘာမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ခြေရှိတယ်လို့ ထုတ်ပြောထားပါတယ်။

မစ္စတာ ဗီဂျေနမ်ဘီးယားကို အစိုးရက လိုင်ဇာကို သွားရောက်ဖို့ ခွင့်ပြုခဲ့ပေမယ့် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားကို သွားရောက်ခွင့်မပြုခဲ့ချေ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013