အာဖဂန်နစ္စတန်တွင် လွှတ်တော်အမတ်ကို ပစ်မှတ်ထားကားဗုံးခွဲ၊ လူ ၉ ဦး သေဆုံး

286
အာဖဂန်နစ္စတန်နိုင်ငံရဲ့ မြို့တော် ကဘူးလ်မှာ လွှတ်တော်အမတ်တယောက်ကို ပစ်မှတ်ထားပြီး ဒီဇင်ဘာ ၂၀ ရက်မှာ ကားဗုံးခွဲခဲ့လို့ လူ ၉ ယောက်ထက်မနည်း သေဆုံးတယ်လို့ အရာရှိတွေက ပြောပါတယ်။
ဖောက်ခွဲခံရပေမယ့် လွှတ်တော်အမတ် ခန်းမိုဟမ်မဒ်ဝါဒက်ခ် အပါအဝင် လူ ၂၀ ဒဏ်ရာရခဲ့ပါတယ်။
ဒဏ်ရာရသူတချို့က အမျိုးသမီးတွေနဲ့ ကလေးတွေလို့ အာဖဂန် ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။
ဒီလုပ်ရပ်အတွက် ဘယ်သူ့မှာ တာဝန်ရှိတယ်ဆိုတာ အခိုင်အမာ မသိရသေးပါဘူး။
လတ်တလော သီတင်းပတ်တွေအတွင်း အာဖဂန်အစိုးရနဲ့ တာလီဘန်တွေကြား စစ်ပွဲ အဆုံးသတ်ရေး ဆွေးနွေးနေချိန်မှာ ဗုံးခွဲတာ အပါအဝင် အကြမ်းဖက်မှုတွေ သိသိသာသာ တိုးလာနေပါတယ်။
ပြီးခဲ့တဲ့ ၃ လအတွင်း တာလီဘန်တွေက နိုင်ငံတလွှား အသေခံတိုက်ခိုက်မှု ၃၅ ကြိမ်နဲ့ ဗုံးခွဲမှု ၅၀၇ ကြိမ် ဆောင်ရွက်ခဲ့ပြီး အရပ်သား ၄၈၇ ယောက် သေဆုံးပြီး ၁၀၄၉ ယောက် ဒဏ်ရာရခဲ့တယ်လို့ အာဖဂန် ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။