DVB Logo
Home
မြန်မာသတင်း
ပုဒ်မ ၁၈ ရုပ်သိမ်းပေးရေး ရန်ကုန်တွင် ဆန္ဒပြ
DVB
·
August 27, 2013
ပုဒ်မ ၁၈ ရုပ်သိမ်းပေးရေး ရန်ကုန်တွင်  ဆန္ဒပြ
1 / 4
Donate to DVB

ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူတွေကို အရေးယူရာမှာ အသုံးပြုတဲ့ စီတန်းလှည့်လှည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ-၁၈ကို ဖျက်သိမ်းပေးဖို့ ရန်ကုန်မြို့မှာ ဒီကနေ့ လူငယ်တွေ ခေါင်းဆောင်ပြီး ငြိမ်းချမ်းစွာ လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

သမ္မတ ဦးသိန်းစိန်လက်ထက်မှာ ပြဋ္ဌာန်းခဲ့တဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ  စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ဖောက်ဖျက်မှု  ပုဒ်မ ၁၈ နဲ့ အရေးယူခံရသူတွေ များပြားလာတဲ့အတွက်  ဒီပုဒ်မကို ဖျက်သိမ်းပေးဖို့ ကန့်ကွက်ကြတာလို့ ဆန္ဒပြသမားတွေက ပြောပါတယ်။

ဒီဆန္ဒပြပွဲမှာ ပုဒ်မ ၁၈နဲ အရေးယူခံထားရသူတွေ၊ generation youth နဲ့ genraation wave အဖွဲ့တွေက လူငယ်တွေအပါအ၀င် ဆန္ဒပြသမား ၄၀ လောက်ဟာ ဒီကနေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် မြေနီကုန်းကနေ ရန်ကုန်မြို့လယ် ဆူးလေဘုရားအနီး မဟာဗန္ဒုလပန်းခြံအထိ ပိုစတာတွေ ကိုင်ဆွဲပြီး ဆန္ဒပြခဲ့ကြတာပါ။

ဆန္ဒထုတ်ဖော်ရခြင်းနဲ့ပတ်သက်ပြီး generation youth က လူငယ်တဦးက “အဲဒီပုဒ်မ ၁၈ နဲ့ပဲ ပတ်သက်ပြီးတော့ ပြည်သူလူထုဟာ အမျိုးမျိုး ဖိနှိပ်ချုပ်ချယ်မှုတွေ ခံနေရတယ်။ ပုဒ်မ ၁၈ နဲ့ ထောင်ချတယ်၊ တရားစွဲတယ်၊ နိုင်ငံသားပါ အခွင့်အရေးတွေကို ပိတ်ဆို့ထားတယ်။ ကျနော်တို့ ပုဒ်မ ၁၈ နဲ့ ရှေ့ဆက်ပြီးတော့ ဘာလုပ်မလဲမေးလို့ရှိရင် ပုဒ်မ ၁၈ ကို ဆန္ဒပြပြီး တောင်းဆိုမယ်၊ အဲဒါ ကျနော်တို့ နိုင်ငံသားတိုင်းမှာ ရှိတဲ့ အခွင့်အရေးကို ကိုယ်တိုင် အသုံးချတာ ဖြစ်တယ်” လို့ ပြောပါတယ်။

ဆန္ဒပြပွဲမှာပါဝင်တဲ့ ပုဒ်မ ၁၈ နဲ့ တရားစွဲခံရဖူးတဲ့ လူငယ်တဦးကတော့ “နည်းဥပဒေဟာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကျော်လွန်ခြင်း မရှိစေရဆိုတဲ့ အချက်တွေ ပါထားပြီးတော့ ဘာကြောင့် အခုလက်ရှိမှာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုနေရတာလဲ၊ ကျနော်တို့ နည်းဥပဒေ ပုဒ်မ ၁၈ ကို ရှုတ်ချတဲ့အနေနဲ့ ဒီနေ့ ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံတ၀န်းမှာ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ အလုပ်သမား၊ လယ်သမားတွေက သူတို့ရဲ့ ရပိုင်ခွင့်တွေအတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြရာမှာ၊ ဆန္ဒပြခေါင်းဆောင်တွေကို အာဏာပိုင်တွေက ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လယ်ခွင့်ဆိုင်ရာ ဥပဒေကိုချိုးဖောက်တယ်ဆိုပြီး  ပုဒ်မ ၁၈နဲ့ အရေးယူလေ့ရှိတာ ဖြစ်ပါတယ်။လတ်တလော ဒီပုဒ်မနဲ့ အရေးယူခံထားရသူပေါင်း  ၁၃၀ ကျော်ရှိနေပြီလို့လည်း ဆန္ဒပြသမားတွေက ပြောပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူတွေကို ဖမ်းဆီးအရေးယူနေတာဟာ အရင်စစ်အစိုးရလက်ထက်က နိုင်ငံရေးလှုပ်ရှားသူတွေကို ပုဒ်မ ၅ ညနဲ့ ဖမ်းဆီးအရေးယူပုံနဲ့ အလားသဏ္ဌာန်တူတယ်လို့ ဒီဆန္ဒပြပွဲကို ထောက်ခံတဲ့ သီရိအောင်မြေဘုန်းတော်ကြီး ကျောင်းက ဦးဇင်း ဦးရက္ခ၀ံသက ခုလို မိန့်ပါတယ်။

“နိုင်ငံရေးသမားတွေ မရှိပါဘူး၊ ရာဇာဝတ်ပုဒ်မတွေနဲ့ပဲ ရှိတယ်ဆိုတာကို အတိအလင်း ကြေညာခဲ့တယ်။ အခုနိုင်ငံတော် သမ္မတဦးသိန်းစိန်ကြီး တက်လာတဲ့အခါမှာ ပုဒ်မ ၁၈၊ ၅၀၅ ( ခ) တို့ ပေါ်လာတဲ့အခါ အဲဒီ ၅ ညနဲ့ သိပ်မထူးဘူးလို့ ဦးပဇင်းက မြင်တယ်။ အဲဒါကြောင့် ပုဒ်မ ၁၈ ကို ရှုတ်ချတယ်။ ပုဒ်မ ၁၈ ကို အမြန်ဆုံး ဖျောက်ဖျက်ပေးရမယ်။”

ဒီကနေ့ ဆန္ဒပြပွဲမှာပါဝင်တဲ့ ဆန္ဒပြခေါင်းဆောင်တချို့ကို ကျောက်တံတားရဲစခန်းမှာ အာဏာပိုင်တွေက ခေါ်ယူ စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013