A d v e r t i s e m e n t With Us

ဆီဆိုင်မြို့နယ်တွင် တနေ့တည်း မြေငလျင် နှစ်ကြိမ်လှုပ်ခတ်

ဓာတ်ပုံ-မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ်မှာ မနေ့က တနေ့တည်း မြေငလျင် နှစ်ကြိမ်လှုပ်ခတ်ခဲ့တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၁၉ ရက်နေ့ မြန်မာစံတော်ချိန် ၁၆ နာရီ၊ ၄၉ မိနစ်၊ ၀၂ စက္ကန့် အချိန်က ဆီဆိုင်မြို့ရဲ့ တောင်-အရှေ့တောင်ဘက် ၁၅ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၁၉.၉၄ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၇.၂၉ ဒီဂရီ၊ အနက် ၄ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၃.၈ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားပါတယ်။

အလားတူ ဒီဇင်ဘာ ၁၉ ရက်နေ့၊ မြန်မာစံတော်ချိန် ၂၂ နာရီ၊ ၄၉ မိနစ်၊ ၅၆ စက္ကန့်အချိန်က ဆီဆိုင်မြို့ရဲ့ တောင်ဘက် ၁၂ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၁၉.၉၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၇.၂၇ ဒီဂရီ၊ အနက် ၆ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၃.၃ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up