A d v e r t i s e m e n t With Us

ရန်ကုန်တိုင်းအတွင်း ရွှေ့ပြောင်းနေထိုင်သူများ၏ လူမှုဘ၀အခြေအနေ အရေးပေါ်စစ်တမ်းကောက်

ရန်ကုန်တိုင်းအတွင်း ရွှေ့ပြောင်းနေထိုင် လုပ်ကိုင်သူအများဆုံး ရှိနိုင်တဲ့ မြို့နယ် ၁ဝ မြို့နယ် အတွင်းက ရွှေ့ပြောင်းနေထိုင်သူ အိမ်ထောင်စုပေါင်း ၅၀၀ နဲ့ စက်ရုံ အလုပ်ရုံပေါင်း ၂၀၀ က ရွှေ့ပြောင်းလုပ်သား ၂၀၀၀ ဦးရဲ့ လူနေမှုဘ၀ ရပ်တည်နေထိုင်ရေး အခြေအနေတွေကို အရေးပေါ်စစ်တမ်း ကောက်ခံနေပါတယ်။ ဒီစစ်တမ်းဟာ နယ်မြို့နယ်တွေကနေ ရန်ကုန်မြို့ကို ရွှေ့ပြောင်းနေထိုင်နေတဲ့ ရွှေ့ပြောင်းစာရင်းကို သိရှိဖို့နဲ့ ကိုဗစ်ကာလ လူနေမှုဘ၀အခြေအနေကို သိရှိနိုင်ဖို့ အချိန် ၃ ရက်အတွင်း အရေးပေါ်ကောက်ခံတာ ဖြစ်တယ်လို့ စစ်တမ်းကို ဦးဆောင်ကောက်ခံနေတဲ့ ရန်ကုန်တိုင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက သိရပါတယ်။ ဒီစစ်တမ်းကို mobile tablet စနစ် အသုံးပြုပြီး မေးခွန်းပေါင်း အခု ၃၀ ကျော်ကို မေးမြန်းကောက်ခံတာ ဖြစ်ပါတယ်။ ဒီလိုကောက်ခံမှုအရ အစိုးရကပေးတဲ့ ကိုဗစ်ထောက်ပံ့ငွေကြေးကို ရရှိခြင်း ရှိ၊ မရှိနဲ့ လက်ရှိ နေထိုင်မှု အခြေအနေတွေ၊ ပြန်လည်ရွှေ့ပြောင်းဖို့ ရှိ၊ မရှိနဲ့ အခြေတကျ နေထိုင်မယ့် အခြေအနေတွေ၊ အလုပ်လုပ်နေရင်း ရရှိတဲ့ အကျိုးခံစားခွင့်၊ လက်ရှိရရှိနေတဲ့ ကိုဗစ်ကာလ လုပ်ခလစာရရှိမှု အခြေအနေ ကွာဟချက် စတဲ့ မေးခွန်းအချက်အလက်တွေ ပါဝင်တယ်လို့ သိရပါတယ်။  သတင်း - ဇာခြည်

A d v e r t i s e m e n t With Us

More News
Up