A d v e r t i s e m e n t With Us

ယင်းမာပင်မြို့အနီးတွင် အင်အား ၃ ဒသမ ၉ အဆင့်ရှိ မြေငလျင်လှုပ်

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့အနီးမှာ အင်အား ၃ ဒသမ ၉ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ ၁၉ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၂ နာရီ၊ (၅၂) မိနစ်၊ (၄၈) စက္ကန့် အချိန်မှာ ယင်းမာပင်မြို့ရဲ့ အနောက်-အနောက်တောင်ဘက် ၁၅ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၂.၀၃ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၆၇ ဒီဂရီ၊ အနက် ၇၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး (၃.၉) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up