DVB Logo
Home
မြန်မာသတင်း
ပြည်လုံးကျွတ် အန်အယ်လ်ဒီ-လူငယ် ညီလာခံများ ကျင်းပရေး စတင်
DVB
·
August 27, 2013
ပြည်လုံးကျွတ် အန်အယ်လ်ဒီ-လူငယ် ညီလာခံများ ကျင်းပရေး စတင်
Donate to DVB

လူကြီးတွေနေရာမှာ အနာဂတ် အစားထိုးတာဝန်ယူနိုင်မယ့် လူငယ်မျိုးဆက်သစ်တွေ  အတွက် အန်အယ်ဒီပါတီရဲ့ ဗဟိုကော်မတီကနေ  ပြီးခဲ့တဲ့ လဆန်းပိုင်းကစပြီး အဖွဲ့ချုပ်လူငယ်ညီလာခံကျင်းပရေး ဗဟိုကော်မရှင်ဖွဲ့စည်း ဆောင်ရွက်နေပါတယ်။

လက်ရှိ ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးက လူငယ်ကော်မရှင်တွေကို ဆက်လက်ဖွဲ့စည်းနေသလို ခရိုင်နဲ့ မြို့နယ် အသီးသီးမှာလည်း လူငယ်ကော်မရှင်ကို စက်တင်ဘာလ ၁၀ ရက်နေ့ နောက်ဆုံးထား ဖွဲ့စည်းသွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ညီလာခံ ကျင်းပရေး ဗဟိုကော်မရှင် ဥက္ကဋ္ဌ ဦးမောင် မောင်ဦးက ပြောပါတယ်။

“အခုခရိုင်ပြီးသွားတဲ့ တိုင်းနယ်၊ ပြည်နယ်တွေက မြို့နယ် ညီလာကော်မရှင်တွေ ထပ်ဖွဲ့နေတယ်။ အဲဒီကော်မရှင်တွေကို ၉ လပိုင်း ၁၀ ရက်နေ့ အပြီးဖွဲ့ဖို့ ပြင်ဆင်ထားပါတယ်။ ကော်မရှင် ဖွဲ့စည်းလို့ပြီးရင် နောက်သုံးလအတွင်းမှာ လူငယ် စည်းရုံးရေးနဲ့ စုဆောင်းရေးလုပ်ငန်းကို လုပ်မှာပါ။ လူငယ် စည်းရုံးရေးနဲ့ စုဆောင်းရေး လုပ်တဲ့ အခါကျရင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ၀င်ချင်တဲ့ အသက် ၁၆ နှစ်ကနေ ၃၅ နှစ် လူငယ်တွေ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ၀င်ခွင့်ရှိမယ်။ ၀င်ခွင့်လျှောက်လွှာတင်ပြီး အဖွဲ့ဝင်လျှောက်လို့ရပါတယ်။ အဲဒါပြီးသွားရင် ကျနော်တို့ တနိုင်ငံလုံးမှာရှိတဲ့ လူစာရင်းအပေါ်မှုတည်ပြီးတော့ လူငယ်ညီလာခံ ကျင်းပပါမယ်။ ညီလာခံကို ကျင်းပတဲ့အခါမှာ မြို့နယ်၊ တိုင်း၊ ခရိုင်၊ နိုင်ငံလုံးဆိုင်ရာ ညီလာခံ အားလုံးပေါင်း အဆင့် ၄ ဆင့်ပေါ့။”

ညီလာခံကိုတော့ ၂၀၁၃ ဒီဇင်ဘာ သို့မဟုတ် ၂၀၁၄ ဇန်န၀ါရီလအတွင်း ကျင်းပဖို့ ရည်မှန်းထားတဲ့အကြောင်းနဲ့ လူငယ်ညီလာခံ အပြီး ဆောင်ရွက်မယ့် လုပ်ဆောင်ချက်နဲ့ပတ်သက်ပြီးလည်း  ဦးမောင်မောင်ဦးက အခုလို ပြောပါတယ်။

“အန်အယ်လ်ဒီမှာ လူငယ်အဖွဲ့ ရှိပေမယ့် စနစ်တကျမရှိဘူး။ စနစ်တကျပြန်လည်ပြီးတော့ လူငယ်အင်အားကို ပြန်လည်စုစည်းတာ။ ဒီလူငယ်ညီလာခံကြီး ကျင်းပပြီးသွားရင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က သတ်မှတ်ထားတဲ့ မူဝါဒ လုပ်ငန်းစဉ်တွေကို စနစ်တကျ အကောင်အထည်ဖော်နိုင်အောင်၊ လူထုအကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်နိုင်အောင်၊ လူငယ်ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ပိုပြီး ထိထိရောက်ရောက်လုပ်နိုင်အောင်၊ လာမည့် ၂၀၁၅ ရွေကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေးကို ပံ့ပိုးနိုင်အောင်၊ ပိုပြီးတော့ တနစ်တကျလုပ်နိုင်အောင် အဲဒီလိုရည်ရွယ်ချက်တွေ အများကြီးပါတယ်။”

၁၉၈၈ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်ကတည်းက လူငယ်အဖွဲ့ ရှိခဲ့ပြီး ဒီလူငယ်အဖွဲ့ကို ဆက်လက်အကောင်အထည်ဖော်တဲ့အနေနဲ့ လူငယ်ညီလာခံကို လုပ်ဆောင်ရတာလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013