Home
မြန်မာသတင်း
ကျောက်ဆည်တွင် မိခင်သေဆုံးပြီး ရက်ပိုင်းအတွင်း ကလေး ၁ ဦး ကိုဗစ်ကူးစက်ခံရ
DVB
·
December 19, 2020
မန္တလေးတိုင်း ကျောက်ဆည်မြို့နယ် ပင်တလည်ရွာမှာ မိခင်သေဆုံးပြီး ရက်ပိုင်းအတွင်း ဒီဇင်ဘာ ၁၇ ရက်နေ့က အသက် ၄ နှစ်နီးပါးအရွယ် ကလေးတစ်ယောက် ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တယ်လို့ ကျောက်ဆည်မြို့နယ်အထွေထွေဆေးရုံအုပ်ကြီး ဦးဝင်းမော်က ပြောပါတယ်။  မိခင် နာရေးကိုလာတဲ့သူတစ်ယောက် positive ထွက်တဲ့ ထိစပ်မှုကနေ ပိုးတွေ့ရှိခဲ့တာဖြစ်ပြီး တအိမ်တည်းနေ အဖေဖြစ်သူနဲ့ ၁၅ နှစ်အရွယ် အစ်ကိုဖြစ်သူတို့မှာ ပိုးမတွေ့ဘူးလို့  ဆိုပါတယ်။  စောင့်ရှောက်မယ့် အဒေါ်မှာလည်း ရောဂါပိုးမတွေ့တာကြောင့် ဆေးရုံကို ကလေးငယ် တစ်ယောက်တည်း ခေါ်သွားရတယ်လို့  Rescue kyaukse ပရဟိတအသင်းဝင် ကိုဖြိုးက ပြောပါတယ်။   မိသားစုဝင်တွေဟာ နေ့စားအလုပ်သမားတွေ ဖြစ်တာကြောင့် ငွေကြေးမတတ်နိုင်ကြဘူးလို့ သိရပါတယ်။  ကျောက်ဆည်မြို့နယ်မှာ ဒီဇင်ဘာ ၁၈ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၁၂၀ အထိ ရှိသွားပြီလို့ ကျောက်ဆည်မြို့နယ်ကိုဗစ်ကော်မတီက သိရပါတယ်။ Photo : KyaukSe Rescue
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024