A d v e r t i s e m e n t With Us

ရန်ကုန်တွင် ဖမ်းဆီးမိသည့် မြွေ ၂၇ ကောင်ကို ပဲခူးရိုးမတောထဲ လွှတ်ပေး

ရန်ကုန်မှာဖမ်းမိတဲ့ စပါးအုံးမြွေ ၂၆ ကောင်နဲ့ စပါးကြီးမြွေ ၁ ကောင်တို့ကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရှာဖွေကယ်ဆယ်ရေးအထူးအဖွဲ့ကနေ ဒီဇင်ဘာလ ၁၇ ရက် မနက်ပိုင်းမှာ ပဲခူးရိုးမတောထဲကို သွားရောက်စေလွှတ်ခဲ့ပါတယ်။ ဒီမြွေတွေဟာ ရန်ကုန်မြို့မှာရှိတဲ့ မြို့နယ်တွေမှာ ဖမ်းဆီးမိခဲ့တဲ့မြွေတချို့ဖြစ်ပြီး မင်္ဂလာဒုံမြို့နယ်၊ စိတ္တသုခတပ်ဦးကျောင်းတိုက်မှာ ထိမ်းသိန်းထားခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဖမ်းမိတဲ့ တခြားမြွေတွေကိုလည်း ရန်ကုန်တိရစ္ဆာဥယျာဉ်ကို ပို့ဆောင်ပေးပြီး ဖြစ်တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ရှာဖွေကယ်ဆယ်ရေး အထူးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။ စိတ္တသုခတပ်ဦးကျောင်းတို့က အဘရာကျော်ကျောင်းဆရာတော်ကြီးက ဦးဆောင်ပြီး မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ရှာဖွေကယ်ဆယ်ရေးအထူးအဖွဲ့မှ တပ်ဖွဲ့ဝင်တွေ၊ နာရေးကူညီမှုအသင်း (ရန်ကုန်) သီးသန့်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့  ဇမ္ဗူဒီပါလူမှုကူညီရေးအသင်း မ/ဥက္ကလာမှ အသင်းသား တွေက မြွေတွေကို သွားရောက်စေလွှတ်ပေးခဲ့ကြတာပါ။ တစ်နှစ်အတွင်း ရန်ကုန်မြို့မှာ ပြည်သူတွေရဲ့ သတင်းပေးမှုကြောင့် ဖမ်းဆီးမိခဲ့တဲ့ မြွေ အကောင်ရေ ၆၀ နီးပါးရှိပါတယ်။

A d v e r t i s e m e n t With Us

More News
Up