ခန္တီးမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၂ ဦး ထပ်မံတွေ့ရှိ
DVB
·
December 17, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့မှာ ဒီဇင်ဘာ ၁၆ ရက်နေ့က ကွာရန်တင်းဝင်သူ ၄ ယောက်ကို Test Kit နဲ့ စစ်ဆေးရာ ၂ ဦးမှာ ကိုဗစ်-၁၉ ရောဂါ တွေ့ရှိတယ်လို့ ခန္တီးဆေးရုံအုပ်ကြီးက ပြောပါတယ်။
“အခု ကိုဗစ်ပိုးတွေရှိခဲ့သူတွေက ခန္တီး နတလကျောင်းQစင်တာထားခဲ့တာပါ။ သူတို့တွေ Qဝင်နေတာ ၁၀ ရက်ရှိပါပြီ။ အခုတစ်ခါ RDTbTest kitပြန်စစ်ဆေးပြီး ကိုဗစ်ပိုးတွေ့ခဲ့တယ်”လို့ ဆေးရုံအုပ်ကြီးဒေါ်နန်းမြတ်မြတ်မွှေးက ပြောပါတယ်။
အဆိုပါ ပိုးတွေ့လူနာ ၂ ဦးဟာ ခန္တီးမြို့မှာ ပထမဦးဆုံးပိုးတွေ့လူနာနဲ့ ကားအတူစီးခဲ့သူတွေဖြစ်ပြီး ခန္တီးမြို့နယ် နန်းစီပွန်ကို အလုပ်လုပ်ဖို့ လာသူတွေဖြစ်ပါတယ်။
“ပထမဆုံးပိုးတွေ့လူနာနဲ့အတူ မန္တလေးကနေ ခန္တီးကို ကားနဲ့ ၅ ဦးလာခဲ့တာမှာ ဒီဇင်ဘာလ ၅ ရက်နေ့ညက ခန္တီးကိုရောက်ခဲ့တယ်။ ရောက်တာနဲ့ ကွာရန်တင်း စင်တာမှာ ထားခဲ့ပါတယ်။ မနက်မှ RDT Test Kit နဲ့ စစ်ဆေးပြီး ၅ ဦးထဲက Positive ၁ ဦးတွေ့ရှိခဲ့တယ်” လို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။
အခုကျန် ၄ ဦးကို ဒီဇင်ဘာလ ၁၆ ရက်နေ့က ထပ်မံ ကျန်းမာရေးစစ်ဆေးတာမှာ ၂ ယောက် ကိုဗစ်-၁၉ ရောဂါတွေ့ရှိခဲ့တာပါ။ ပထမဆုံး ပိုးတွေ့လူနာကတော့ ရောဂါသက်သာ ပိုးကင်းစင်လို့ ဆေးရုံကနေ ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ဆင်းခွင့်ပြုခဲ့ပါတယ်။
သတင်း- အောင်ဆန်းမြင့်