အမေရိကန်သို့ ရွှေ့ပြောင်းလာသူများ ပိုတိုးလာရန် မက္ကဆီကို မျှော်လင့်

အမေရိကန်ဒီမိုကရက် ဂျိုးဘိုင်ဒင် သမ္မတတာဝန်ကို ယူတဲ့အခါ အမေရိကန် နိုင်ငံဆီ ရွှေ့ပြောင်းလာသူတွေ ပိုတိုးလာဖို့ မျှော်လင့်တယ်လို့ မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီး မာသဲလိုအီဘရက်ဒ်က ဒီဇင်ဘာ ၁၅ ရက်မှာ ပြောပါတယ်။  ရွှေ့ပြောင်းလာသူတွေအရေးနဲ့ ပတ်သက်ပြီး လာမယ့် ဂျိုးဘိုင်ဒင်အစိုးရက ချဉ်းကပ်ပုံ ပြောင်းစေဖို့ မက္ကဆီကို အစိုးရက ကြိုးပမ်းစည်းရုံးနေပါတယ်။  ရွေးကောက်ခံသမ္မတဘိုင်ဒင်က လူသားဆန်တဲ့ ရွှေ့ပြောင်းမူဝါဒကို ဖော်ဆောင်မယ်လို့ ကတိပြုထားပြီး ဗဟိုအမေရိကန်ကနေ ရွှေ့ပြောင်းလာစေတဲ့ နောက်ခံအကြောင်းရင်းတွေကို ဖြေရှင်းဖို့ အမေရိကန်ဒေါ်လာ ၄ ဘီလီယံ အစီအစဉ်ကို  ကတိပေးထားပါတယ်။ ဒါပေမဲ့လည်း နိုဝင်ဘာလအတွင်း ဗဟိုအမေရိကမှာ ဆက်တိုက်ဝင်ခဲ့တဲ့ ဟာရီကိန်း မုန်တိုင်းတွေကြောင့် ဖြစ်ခဲ့တဲ့ အပျက်အစီးတွေက ဘိုင်ဒင်ရဲ့ မဟာဗျူဟာအဖို့ ကနဦး စိန်ခေါ်မှု ဖြစ်လာနိုင်ပါတယ်။ ဗဟိုအမေရိကမှာ ရင်းနှီးမြှုပ်နှံရုံ မဟုတ်ဘဲ အဲဒီရင်းနှီးမြှုပ်နှံမှုတွေကို ကူညီအားပေးပြီး ရွှေ့ပြောင်းလာစေတဲ့ အကြောင်းရင်းတွေအပေါ် အချိန်တိုအတွင်း သက်ရောက်စေဖို့ လာမယ့် ဘိုင်ဒင် အစိုးရကို လက်ခံလာအောင် ကြိုးပမ်းသွားမယ်လို့လည်း  မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီး အီဘရက်ဒ်က ဆိုပါတယ်။ ရာထူးက ဆင်းတော့မယ့် သမ္မတဒေါ်နယ်ထရမ့်ဟာ သူရဲ့ ၂၀၁၆ ရွေးကောက်ပွဲ ကတိကဝတ် ဖြစ်တဲ့  ရွှေ့ပြောင်းလာသူတွေ ထိန်းချုပ်ရေးကို လုပ်ဆောင်ခဲ့ပါတယ်။ သမ္မတထရမ့် တာဝန်ယူတဲ့ ၄ နှစ် သက်တမ်းအတွင်း ကန့်သတ်ချက်တွေ ချမှတ်ခဲ့တာပါ။  အဲဒီကန့်သတ်ချက်တွေက လက်ရှိ အမေရိကန်-မက္ကဆီကို နယ်စပ်မှာ ရွှေ့ပြောင်းလာသူတွေ နိုင်ငံရေးခိုလှုံခွင့် ကြိုးပမ်းဖို့ မဖြစ်နိုင်အောင် တင်းကျပ်ထားတယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up