DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားများ နိုင်ငံရေးဆိုင်ရာ သဘောတူချက်ရရေး ဆွေးနွေးမည်
DVB
·
August 26, 2013
Donate to DVB

အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးတဲ့အခါမှာ တိုင်းရင်းသားဘက်က တူညီတဲ့သဘောထားတွေ ရရှိနိုင်ဖို့အတွက် ရှမ်း၊ ကယား နဲ့ မွန်တိုင်းရင်းသားတွေကြား ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲတွေ အရင်ကျင်းပဖို့ စီစဉ်နေပါတယ်။

ရှမ်း၊ ကယားနဲ့ မွန်တိုင်းရင်းသား နိုင်ငံရေးပါတီ ၊ လက်နက်ကိုင် အဖွဲ့အစည်း ပေါင်း ၁၀ ဖွဲ့က ကိုယ်စားလှယ်တွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၃ ရက်နေ့က ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ တွေ့ဆုံညှိနှိုင်းပြီး လာမယ့်စက်တင်ဘာလထဲမှာ ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲတရပ် ကျင်းပဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

လောလောဆယ် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဆီမှာ ဆွေးနွေးပွဲကျင်းပခွင့် တောင်းခံထားပြီး ခွင့်ပြုချက်ရမယ်ဆိုရင် လာမယ့် စက်တင်ဘာ ၂၁ ရက်နေ့ကနေ ၂၃ ရက်နေ့ထိ တောင်ကြီးမှာ ကျင်းပမယ်လို့  ဖြစ်မြောက်ရေး ကော်မတီဝင်တဦးဖြစ်သူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောခွင့်ရ ဦးစိုင်းလိတ်က ပြောပါတယ်။

တိုင်းရင်းသားအချင်းချင်းကြား နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်တရပ် ထုတ်ပြန်နိုင်ဖို့ အတွက် ဆွေးနွေးသွားမယ့် အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဦးစိုင်းလိတ်က ခုလို ရှင်းပြပါတယ်။

“အဓိက အကြောင်းအရာ နံပါတ် ၁ က ဒီမိုကရေစီ ဖြစ်ထွန်းရေး၊ နံပါတ် ၂ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး၊  နံပါတ် ၃ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ နောက်ပြီးတော့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိပြီးတော့မှ တန်းတူညီခွင့်ရှိတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ တိုင်းရင်းသား ဖြစ်စေချင်တဲ့ အမြင်သဘောထားပေါ့နော်။ နောက်ဖြစ်သင့်ဖြစ်ထိုက်ပြီး လုပ်နိုင်တဲ့ နိုင်ငံရေး အခင်အကျဉ်း အပေါ် သုံးသပ်ချက် ဒီအချက်တွေ အပေါ်မှုတည်ပြီးတော့ လာရောက်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။”

ဒီဆွေးနွေးပွဲဟာ တတိယဆင့် ယုံကြည်မှုတည်ဆောင်ခြင်း ဆွေးနွေးပွဲဖြစ်ပြီး  ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာလက ရှမ်းတိုင်းရင်းသားအဖွဲ့တွေပဲပါတဲ့ ဆွေးနွေးပွဲ နဲ့ ၂၀၁၃ ခုနှစ် ဧပြီလက  ရှမ်းနဲ့ ကယားပြည်နယ်ဆိုင်ရာ ဆွေးနွေးပွဲတွေကို ကျင်းပခဲ့ပါတယ်။

တတိယဆင့် ဆွေးနွေးပွဲမှာ ရှမ်း၊ ကယားနဲ့ မွန် တိုင်းရင်းသားအဖွဲ့တွေရဲ့ ဆွေးနွေးပွဲလို့ ခေါင်းစဉ်တပ်ထားပေမယ့်လည်း ပအိုဝ်း၊ ကရင်၊ ချင်းစတဲ့ အခြားတိုင်းရင်းသားအဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသားများအဖွဲ့၊ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ စတဲ့ အဖွဲ့အစည်းတွေလည်း ဧည့်သည်တွေအဖြစ် ပါဝင်ဆွေးနွေးမယ်လို့  ဦးစိုင်းလိတ်က ပြောပါတယ်။

အစိုးရဘက္ကလည်း ရွမ်းနဲ့ ကယားနဲ့မနြ်ျပည္နယ်တေကြ ၀န်ကြီးခ်ုပ်တြေ၊ လွှတ်တော်ဥက္ကဋ္ဌတေနြျဲ့မန္မာငြိမ်းခ်မ်းရေးစင္တာက တာဝန်ရွိသူတေကြို ဖိတ်ကြားထားပြီး လူပေါင်း ၃၀၀ နီးပါး ပါဝင္မယ္လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013