Home
မြန်မာသတင်း
ရန်ကုန်တွင် ၁ နှစ်အတွင်း မြွေအကောင်ရေ ၆၀ နီးပါး ဖမ်းမိ
သူဇာလင်း
·
December 15, 2020
130837412_2991466637660056_3707797583786557998_n
ရန်ကုန်မြို့မှာ တစ်နှစ်အတွင်း မြွေအကောင်ရေ ၆၀ နီးပါး ဖမ်းဆီးမိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူကပြောပါတယ်။ အခုနှစ်အတွင်း ရန်ကုန်မြို့ရဲ့  မြို့နယ်တွေမှာ မြွေတွေ မကြာခဏဆိုသလို တွေ့ရှိလာပြီး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကို အကူအညီတောင်းခံလာတာတွေ ရှိတယ်လို့ဆိုပါတယ်။ ဒါ့အပြင် ဒီဇင်ဘာတစ်လအတွင်းမှာဘဲ မြွေအကောင်ရေ ၁၀ ကောင်ကျော်ကို ဖမ်းဆီးမိခဲ့ပြီး တစ်နှစ်အတွင်းမှာ မြွေအကောင် ၆၀ နီးပါးရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ် ရှာဖွေ ကယ်ဆယ်ရေး အထူးအဖွဲ့  ကြီးကြပ်နည်းပြ တပ်ကြပ်ကြီးတိုးအောင်က ပြောပါတယ်။ ဖမ်းဆီးမိတဲ့ မြွေတွေကိုတော့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်နဲ့ မင်္ဂလာဒုံမြို့နယ်၊ ဝါယာလက်မှာ ရှိတဲ့ စိတ္တသုခတပ်ဦးကျောင်းတိုက်အတွင်းကို   ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါ တယ်။ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အနေနဲ့ကတော့ မရမ်းကုန်းမြို့နယ်မှာ မြွေအများဆုံးဖမ်းဆီးပေး ခဲ့တာရှိသလို တခြားမြွေဖမ်းပေးတဲ့ အဖွဲ့အစည်းတွေလည်း ရှိတယ်လို့ဆိုပါတယ်။ ဖမ်းဆီးမိတဲ့ မြွေအမျိုးအစားတွေကတော့ လင်းမြွေက အများဆုံးတွေ့ ရှိခဲ့ပြီး စပါးအုံး၊ စပါးကြီး ၊ မြွေဟောက်နဲ့ ငန်းဇောင်းစတဲ့ မြွေတွေပဲဖြစ်ပါတယ်။ အခုလိုတွင်းအောင်းသတ္တဝါမြွေတွေ မြေပြင်ကို ထွက်လာတာက  သဘာဝဘေးအန္တရာယ် ကျရောက်နိုင်တယ်ဆိုပေမယ့်လည်း တိကျတဲ့ သုတေသန အထောက်အထား ခိုင်ခိုင်လုံလုံပြော နိုင်ဖို့တာ့ ခက်ခဲတယ်လို့  မြန်မာနိုင်ငံမြေငလျင်ကော်မတီရဲ့ ဒုဥက္ကဋ္ဌ  ဒေါက်တာ မျိုးသန့်က ပြောပါတယ်။ ဒါ့ပေမဲ့ မြန်မာနိုင်ငံအနေနဲ့ အခုနှစ်က ငလျင်ကြီးလာနိုင်တယ်လို့ ပညာရှင်တွေက တွက်ချက်ထားတာတွေရှိတာကြောင့် စစ်ကိုင်းပြတ်ရွေ့တလျှောက်မှာရှိတဲ့ မြို့ကြီးတွေအနေနဲ့  သတိပြုတော့ လိုအပ်တယ်လို့ အသိပေးပြောဆိုထားပါတယ်။   မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အနေနဲ့ ၃နှစ်ကျော်အတွင်း မြွေအကောင်ရေ ၃၀၀ ကျော် ဖမ်းဆီး ပေးခဲ့ပြီး အခုနှစ်မှာတော့ စပါးအုံးမြွ အမျိုးအစားကို ပိုပြီး တွေ့ရှိလာရတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရပါတယ်။ ဓာတ်ပုံ- FSD
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024