အိန္ဒိယလယ်သမားများ အစာငတ်ခံ ဆန္ဒပြ

Farmers arrive in a tractor to attend a protest against the newly passed farm bills at Singhu border near New Delhi, India, December 14, 2020. REUTERS/Adnan Abidi
321
အစိုးရရဲ့ စိုက်ပျိုးရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွေက သူတို့ရဲ့လူနေမှုဘဝကို ခြိမ်းခြောက်နေဆိုပြီး အိန္ဒိယ လယ်သမားတွေက ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး ဆန္ဒပြခေါင်းဆောင်တွေက ဒီဇင်ဘာ ၁၄ ရက်မှာ အစာငတ်ခံ ဆန္ဒပြခဲ့ကြပါတယ်။
ကြမ်းခင်းဈေး သတ်မှတ်ရောင်းချနိုင်တဲ့ အစိုးရက စည်းမျဉ်း သတ်မှတ်ပေးထားတဲ့ လက်ကားဈေးတွေမှာသာမကဘဲ ဝယ်သူတွေဆီကို ကုန်စည်တွေ တိုက်ရိုက်ရောင်းခွင့်ပြုတဲ့ စိုက်ပျိုးရေးကဏ္ဍ စည်းမျဉ်းကို ပြန်ရုပ်သိမ်းပေးဖို့ လယ်သမားတွေ ဆန္ဒပြနေတာ သီတင်းပတ် သုံးပတ်နီးပါး ရှိနေပါပြီ။
ဝန်ကြီးချုပ် နရင်ဒြာမိုဒီရဲ့ အစိုးရက ဒီဥပဒေမူကြမ်းကို ပြန်ရုပ်သိမ်းပေးဖို့ကိုလည်း ဖိအားတိုးပေးနေပါတယ်။
စပါးနဲ့ ဂျုံလို ကောက်ပဲသီးနှံတွေအတွက် ကြမ်းခင်းဈေး သတ်မှတ်ချက် မရှိတော့တဲ့အခါ ဝယ်သူ စိတ်တိုင်းကျ ရာဖြတ်လုပ်တာ ခံရမှာကိုလည်း စိုက်ပျိုးရေးသမားတွေက စိုးရိမ်နေကြပါတယ်။
ဥပဒေ ၃ ရပ် ပါဝင်တဲ့ ပြုပြင်ပြောင်းလဲရေးမှာ လယ်ယာထွက်ကုန်တွေကို သိုလှောင်တာ၊ ဈေးနှုန်းသတ်မှတ်တာနဲ့ ရောင်းချတာ စတဲ့ ၃ ဆင့်မှာ စည်းမျဉ်းတွေကို ဖြေလျှော့ထားပြီး စက်တင်ဘာ ၃ ရက်မှာ အသက်ဝင်ပါတယ်။
အစိုးရ အရာရှိတွေနဲ့ လယ်သမားသမဂ္ဂ ခေါင်းဆောင်တွေကြား ၆ ကြိမ် ကျင်းပတဲ့ ဆွေးနွေးပွဲတွေမှာလည်း ဒီကိစ္စရပ်တွေကို မဖြေရှင်းနိုင်ခဲ့လို့ မိုဒီအစိုးရအတွက် ဖိအားအများဆုံးကိစ္စ ဖြစ်လာနေတယ်လို့ ရိုက်တာက ရေးပါတယ်။