Home
သတင်းဓာတ်ပုံ
ပြန်လည်စည်ကားလာသည့် ရခိုင်က မဟာမြတ်မုနိဘုရား
DVB
·
December 15, 2020
IMG_0440
IMG_0415
IMG_0394
IMG_0388
IMG_0384
IMG_0383
IMG_0357
IMG_0353
IMG_0337
IMG_0332
IMG_0316
IMG_0313
IMG_0309
IMG_0297
စစ်ပွဲတွေ ၂ နှစ်ကျော်ကြာဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မှာ  ကိုဗစ်- ၁၉ ကမ္ဘာ့ကပ်ရောဂါ ဘေးနဲ့ ထပ်ကြုံရတာမို့ လုံခြုံရေးကိစ္စတွေ ခရီးသွားလာခွင့်ပိတ်ထားတာတွေနဲ့ တိတ်ဆိတ် ခြောက်ကပ်နေခဲ့ရာက ခုသီတင်းပတ်တွေမှာတော့ ကျောက်တော်မြို့ရှိ မဟာမြတ်မုနိဘုရားမှာ ဘုရားဖူးတွေနဲ့ ပြန်လည်စည်ကားစပြုလာနေပြီဖြစ်ပါတယ်။ “လပြည့်နေ့ကစပြီး ပြန်စည်ကားလာတာပါ။ အဲဒီနေ့ကတော့ ဘုရားဖူးတော်တော်များများ ရောက်ပါတယ်။ ခုရက်ပိုင်းလည်း တစ်နေ့ကို ဘုရားဖူးကား အစီး ၁၀၀ ကျော်လောက်တော့ ရောက်နေတုန်းပါပဲ”လို့ ဘုရားဂေါပကတစ်ဦးက ပြောပါတယ်။ ရခိုင်ပြည်နယ် မြောက်ဦးခရိုင် ကျောက်တော်မြို့၊ ရန်ကုန်-စစ်တွေ ကားလမ်းပေါ်မှာ တည်ရှိနေတဲ့ ဒီဘုရားဟာ ပြီးခဲ့တဲ့ တန်းဆောင်မုန်းလပြည့်နေ့ကစပြီး ဘုရားဖူးတွေနဲ့ ပြန်လည်စည်ကားလာတာ ဖြစ်ပါတယ်။ “တစ်နှစ်ကျော် နှစ်နှစ်လောက် ဘာမှမရောင်းရတာ ခုမှပဲပြန်စည်ကားလာလို့ ပြန်ရောင်းရတာပါ။ ဒီလိုပဲ အမြဲတမ်းအေးအေးချမ်းချမ်းဖြစ်နေစေချင်ပါတယ်” လို့ ထမင်းဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။ မဟာမြတ်မုနိဘုရားကို ဓညဝတီခေတ်မှာ ရခိုင်ဘုရင်စန္ဒသူရိယမင်းက သွန်းလုပ်ပူဇော်ကိုးကွယ်ခဲ့တာလို့ ဘုရားသမိုင်းမှာ ဖော်ပြထားပါတယ်။ Photo - Kaung Mrat Naing / MPA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024