Homeမြန်မာသတင်း
ရန်ကုန်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် မဲရုံဝန်ထမ်း ၉၅ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ
ရန်ကုန်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် မဲရုံဝန်ထမ်း ၉၅ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ
DVB
·
December 14, 2020
ရန်ကုန်တိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်တွေနဲ့ မဲရုံတာဝန်ထမ်းဆောင်ခဲ့သူ စုစုပေါင်း ၉၅ ယောက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ၆ ဦး သေဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ပုဇွန်တောင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဟာ ကိုဗစ်-၁၉ ရောဂါနဲ့ ကွယ်လွန်ခဲ့တာပါ။
သေဆုံးသူဟာ အသက် ၇၀ ကျော်အရွယ်ဖြစ်သလို ရွေးကောက်ပွဲရက်မတိုင်ခင်ကတည်းက ရောဂါကူးစက်ခံခဲ့ရတာလို့ ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်မိုးကြည်က ပြောပါတယ်။
ဒါကြောင့် ရန်ကုန်တိုင်းအတွင်းမှာ ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ မဲရုံမှူးနဲ့ မဲရုံဝန်ထမ်းစုစုပေါင်း ၅၁ ယောက်နဲ့ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနဲ့ အဖွဲ့ဝင် စုစုပေါင်း ၄၄ ယောက်ရှိခဲ့ပြီး ၆ ယောက်ကတော့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
သတင်း - ထက်ဝေအောင်