စစ်ကိုင်းတိုင်းလွှတ်တော် ပုံမှန်အစည်းအဝေး ပြန်လည်ကျင်းပ

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် နောက်ဆုံးအစည်းအဝေးအဖြစ် ၂၅ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ဒီဇင်ဘာလ ၁၄ ရက် မနက်ပိုင်းက ပြန်လည် စတင်ကျင်းပခဲ့ပါတယ်။ လွှတ်တော်မှာ အတည်ပြုဖို့ကျန်နေသေးတဲ့ နည်းဥပဒေတွေနဲ့ ရေးရာကော်မတီတွေ၊ တခြားအစီရင်ခံစာတွေ အတည်ပြုဖို့ ကျန်နေသေးတဲ့အတွက် အစည်းအဝေး ကျင်းပတာဖြစ်တယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်တွေထံက သိရပါတယ်။ လွှတ်တော်အစည်းအဝေးကို ဒီဇင်ဘာလ ၁၄ ရက်နေ့ကနေ ၁၆ ရက်နေ့ထိ ၃ ရက်ကြာကျင်းပဖို့လည်း ရည်ရွယ်ထားပါတယ်။ လတ်တလော ဒေသတွင်းပျံ့နှံ့နေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်လည်း အစည်းအဝေးတက်ရောက်ကြမယ့် ကိုယ်စားလှယ်တွေ၊ ဝန်ထမ်းတွေ၊ ဌာန၊ အဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေကိုလည်း အစည်းအဝေးမကျင်းပခင် ဒီဇင်ဘာလ ၇၊ ၁၁ ရက်နေ့တွေမှာ Test Kit နဲ့ ကျန်းမာရေး စစ်ဆေးတာတွေ ပြုလုပ်ခဲ့ပြီး အားလုံးမှာ ကိုဗစ်-၁၉ ပိုးမတွေ့ရှိခဲ့ပါဘူး။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် သက်တမ်းအတွင်း ပုံမှန်အစည်းအဝေးပေါင်း ၂၅ ကြိမ်၊ အထူးအစည်းအဝေး ၃ ကြိမ်၊ အရေးပေါ်အစည်းအဝေး ၃ ကြိမ် ကျင်းပခဲ့ပြီး ကြယ်ပွင့်ပြမေးခွန်းပေါင်း ၁၈၇၇ ခု၊ ကြယ်ပွင့်မပြမေးခွန်းပေါင်း ၈၉၀ ခု မေးမြန်းခဲ့ကာ အဆိုပေါင်း ၂၈ ခု၊ ဥပဒေပေါင်း ၂၈ ခုတို့ အတည်ပြုခဲ့ပြီး နည်းဥပဒေလည်း အနည်းဆုံး ၄ ခုထက်မနည်း အတည်ပြုဖို့ ကျန်ရှိနေပါသေးတယ်။ စစ်ကိုင်းတိုင်းလွှတ်တော်မှာ တက်ရောက်ခွင့်ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ် ၁၀၁ ဦးရှိခဲ့ပေမယ့် လက်ရှိမှာ ၉၉ ဦးသာ ကျန်ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up