A d v e r t i s e m e n t With Us

ရွှေဘိုတွင် ကိုဗစ်-၁၉ ဖြစ်ပွားမှုမြင့်တက်လာသဖြင့် လူနာ ၁၀၀ ဆံ့နေရာ ထပ်တိုးပြင်ဆင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမှာ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမြင့်တက်လာတာကြောင့် လူနာ ၁၀၀ ထားရှိနိုင်တဲ့ နေရာတစ်ခု ထပ်တိုးပြင်ဆင်ထားတယ်လို့ ရွှေဘိုခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာစောသက်လျာအောင်က ပြောပါတယ်။ Positive လူနာတွေကို ရွှေဘိုသူနာပြုနဲ့သားဖွားသင်တန်းကျောင်း ယာယီဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေပြီး ဒီယာယီဆေးရုံမှာ တစ်ထပ်ကို ၂၄ ခန်းပါ လူနာ ၄၈ ထားနိုင်ပြီး သုံးထပ်အတွက် လူနာ ၁၄၄ ဦးထားရှိနိုင်တယ်လို့ ဆေးရုံအုပ်ကြီး ကပြောပါတယ်။ “လက်ရှိအချိန်ထိ သူနာပြုနဲ့ သားဖွားသင်တန်းကျောင်းမှာ လူနာဆံ့နေသေးတယ်။  Positive ထပ်တိုးလာရင်တော့ နေရာမလုံလောက်မှာစိုးရိမ်လို့ပြင်ဆင်ထားတာ။ ၁၄၄ ဦးထိ ထားမယ် ထပ်တိုးလာရင်လည်း ဆင်းသွားတဲ့လူနာတွေနဲ့ဆိုတော့ လောလောဆယ် မလိုအပ်သေးဘူး။ လိုအပ်မှာစိုးလို့ ရွှေဘို GTC ကောလိပ်မှာ လူနာ ၁၀၀  ပြင်ဆင်ထားတာ။” ရွှေဘိုမှာ  ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၁၄၀ ဦး ရှိပြီး ရောဂါပျောက်ကင်းလို့ ဆေးရုံဆင်းသူ စုစုပေါင်း ၄၃ ဦး၊ သေဆုံးသူ ၂ ဦး၊ ကွာရန်တင်းဝင်နေသူ ၃၃၀ ကျော်ရှိတယ်လို့ ကွာရန်တင်းစင်တာ တာဝန်ခံ ဦးစိုးမြင့်အောင်က ပြောပါတယ်။ သတင်း - ချိုသဲကြည်

A d v e r t i s e m e n t With Us

More News
Up